part(29)

384 28 1
                                    


ရှဲ့ယွင်ကို ထန်စန်းက မိဖုရားမြှောက်ဖို့  ကိစ္စ ခနရပ်ဆိုင်းးခိုင်းထားသည် လတ်တ‌ေလာ ထို ကိစ္စနဲ့ပတ်သက်ပြီး အာရုံမ နောက်ရ

အမတ်‌‌ေတွမှာလည်း လက်ဆက်ဖို့နန်းတော်ရောက်လာတဲ့ မိန်းက လေးတိုင်းသေသွားကျရတာမို့ ဒီကိစ္စကိုနည်းနည်း လေးတော့ သံသယရှိမိသည် ထန်စန်းနှင့်ပတ်သက်လေမလားဟု တွေးမိသည်

မင်းကြီးမှာလည်း ထန်စန်းဆို သဲသဲလှုပ် ချင်မင်းသမီးကိုရက်ရက်စက်စက်သတ်ခဲ့တာပဲကြည့် ခုဆိုချင်ပြည်နှင့်ဟန်ပြည် ဟာ လုံးဝ ကိုရန်သူပင် သို့ပေမယ့် ရှဲ့ယွင်သည် ဂရုမစိုက်ခဲ့ ထန်စန်းမျက်နှာတစ်ကမ္ဘာသာမို့ အမတ်လီတောင် ပြော၍မရခဲ့

*****
"အရှင်မင်းကြီး! အမတ်ကျင်း ဝင်ခွင့်တောင်းနေပါတယ်"

စာကြည့်ဆောင်တွင်နန်းရေးဖတ်နေ သောရှဲ့ယွင်ဆီ တွေ့ခွင့် တောင်းနေတဲ့ အမတ်ကျင်း

"အင်း ဝင်လာခိုင်းလိုက်"

"အရှင်မင်းကြီး ကျတော့်ရဲ့ မွေးရပ်မြေဖြစ်တဲ့ လုဒေသ က အကြီးအကဲလီ ရဲ့အသက် ခြောက်ဆယ်ပြည့် မွေးနေ့ကို အရှင်မင်းကြီးကြွရောက်ဖို့လာရောက်ဖိတ်ကြားခြင်းပါ"

"အော်အကြီးအကဲလီ တောင် အသက် ခြောက်ဆယ် ပြည့်ပီလား"

"ဟုတ်ပါတယ် အဲ့ဒါမင်းကြီးကိုလည်း တခါမှ မဖိတ်ဖြစ်တော့ အခုတခါထဲ ကျတော်မျိုးနဲ့ တပါတည်းလိုက်ခဲ့ဖို့ ဖိတ်ကြားလိုက်ပါတယ်"

လု ဒေသ က ဟန်တိုင်းပြည်နဲ့ အနီးဆုံးတွင်ရှ်သည် အသီးအနှံ ပေါကြယ်ဝပြီး  မြေသြဇာကောင်းတဲ့ အရပ်ဒေသ လည်းဖြစ်သည် ဟန်တိုင်းပြည်နဲ့လည်း အစားအ သောက် ကုန်သွယ်နေ သောဒေသ ပင် သူတို့အရပ်ဒေသ က အေးချမ်းသည် ဟန်တိုင်းပြည်ရဲ့လက်အောက်မှာမရှိပဲ သူ့အရပ်ဒေသ နှင့်သူသီးသန့် အုပ်ချုပ်သူနှင့်နေထိုင်သည် အကြီအကဲလီဆိုသူက လုဒေသရဲ့ အုပ်ချုပ်သူပင် ကျင်းအမတ်လည်း ထိုဒေသ တွင် မွေဖွားကာ လူပျိုအရွယ် တွင်ဟန်ကိုလာကာ  ပညာလာသင်ကြားရင်း အမတ်ဖြစ်လာသူဖြစ်သည်

''ကောင်းပြီလေ ကိုယ်တော် လိုက်ခဲ့ပါ့မယ်"

"ဟိုတခု လောက်တောင်းဆိုပါရ စေ"

အတ္တနှောင်ကြိုးWhere stories live. Discover now