အပိုင်း (၁၄)

20.5K 2.8K 230
                                    

စိုင်းအာကာဟာ လင်းညို့စေပိုင်ဆိုတာက သူထင်သလို ခပ်ရိုးရိုး၊ တုံးအအ မဟုတ်တာ အထူးပဲ သဘောပေါက်မိပါတယ်။

အဲ့ဒီနေ့က စိုင်း သူငယ်ချင်းတစ်ယောက်နဲ့ cafe ဆိုင်သွားတာလေ။ Thor နဲ့ လင်းညို့အတူထိုင်နေတာကို စိုင်းတွေ့လိုက်ရတယ်။ အမြဲပဲ မာထန်နေတဲ့ Thor ရဲ့ မျက်ဝန်းတွေဟာ လင်းညို့ကို ကြည့်တဲ့အချိန် နူးညံ့နေခဲ့တယ်။

ဒါနဲ့ စိုင်းလည်း သူတို့နှစ်ယောက်၊ တစ်ကမ္ဘာကို အနှောင့်အယှက်ပေးရန် ဖုန်းခေါ်ပြီး စာအုပ်ကိစ္စမေးလိုက်တယ်။ စိုင်းထင်တာက အားနာတတ်တဲ့ လင်းညို့ဟာ တစ်ခုခု လုပ်ပေးလိမ့်မယ်လို့ပေါ့။

ဒါပေမဲ့ လင်းညို့ဟာ အားမနာတတ်ပါဘူး။ သူက cafe ဆိုင်က ထဖို့တောင် စိတ်မကူးဘဲ စိုင်းကို စာအုပ်က pdf version ရှိတဲ့အကြောင်းပဲ ပြန်ဖြေတယ်။ စိုင်းဒေါသတွေထက်ပြီး cafe ဆိုင်က လှည့်ပြန်လာခဲ့ရတာ။

အဲ့ဒီ လင်းညို့က တကယ့် မျက်နှာနှစ်ဖက်နဲ့ လူပါပဲ။ Thor ကို ဘယ်လို သိမ်းသွင်းထားတယ် မသိဘူး။

လင်းညို့ ဘယ်လိုလူလဲဆိုတာ Thor သိအောင် ပြရမယ်လို့ စိုင်းတွေးနေတယ်။

"တွေ့မယ် ... လင်းညို့စေပိုင် ...''

ကျောင်းစစဖွင့်တဲ့ Monday မှာပဲ section အားလုံး လာတက်ရတဲ့ Philo အချိန်မှာ လင်းညို့က စိုင်းအာကာကို ရှာနေခဲ့တယ်။ မနေ့က သူပြောတာ နည်းနည်းလွန်သွားတယ်လို့ အောက်မေ့ပြီး စိုင်းလိုချင်တဲ့ စာအုပ်ကို ပေးဖို့ လုပ်နေတာပါ။

"စိုင်း...''

မှန်ကြောင်ကောင်လေးက လင်းညို့ကို လှည့်ကြည့်လာတယ်။

"သြော်...ကိုလင်းညို့...''

စိုင်းကိုကြည့်ရတာပုံမှန်ပါပဲ။ လင်းညိုလည်း အားနာစွာနဲ့ -

"စိုင်း ... ဒါ ငှားထားတဲ့ စာအုပ်၊ Sorry ကိုယ် မနေ့က အလုပ်များနေလို့''

လင်းညို့ရဲ့ အလုပ်များနေလို့ဆိုတဲ့ စကားအောက်မှာ စိုင်းနှုတ်ခမ်းတွေ တွန့်သွားတယ်။

"ရပါတယ်...ကိုလင်းညို့...စာအုပ်ငှားပေးလို့ ကျေးဇူးပါ၊ ဒါနဲ့ ကျွန်တော်တစ်ခုလောက်ပြောချင်လို့''

Paradox (Complete)Where stories live. Discover now