နိုးထလာတဲ့ မနက်ခင်းမှာ Thor အရင်ဆုံး ဘာလုပ်လဲဆိုရင် ကိုကို့ဆီ Ph call ဖို့ လုပ်တာပေါ့။
မနက်ခြောက်နာရီက သိပ်များစောနေမလား Thor စိတ်ပူတယ်။ ဒီလိုကျမှ သူက ကိုကို ဘယ်အချိန် အိပ်ရာထလဲတောင် မသိဘူး။ ငယ်ငယ်ကတော့ ကိုကို အိပ်ရာနိုးတာ Thor ထက် စောတယ်။
ခုနှစ်နာရီမှာတော့ Thor ဖုန်းခေါ်ဖြစ်သွားတယ်။
လင်းညို့စေပိုင် အိပ်ရာမနိုးသေးဘူး။ သူက လူသားတစ်ယောက်ရဲ့ ပုံမှန်အိပ်ချိန် ရှစ်နာရီပြည့်ရမယ်လို့ ခံယူထားတာ။ ဒါကြောင့် မပြည့်မချင်း အိပ်တယ်။
"Ring...Ring...''
ဖုန်းမကိုင်ပေမဲ့ ခါတိုင်းလို Thor ဆက်တိုက် မခေါ်ဖြစ်ဘူး။
ရှစ်နာရီကျတော့ Thor မနေနိုင်တော့။ မကိုင်မချင်း ထိုင်ခေါ်နေတယ်။
"H e l l o!''.
ကိုကို့အသံက အိပ်ချင်မူးတူးနဲ့။ ကိုကို့လို အမြဲသပ်သပ်ရပ်ရပ် နေတတ်တဲ့သူက အိပ်ရာနိုးချိန်မှာ ဖရိုဖရဲနဲ့ ဘယ်လောက်တောင် ချစ်စရာကောင်းနေမလဲ မသိဘူး။
"ဘယ် သူ လဲ...''
ကိုကို့အသံက ခပ်လေးလေး။ ကိုင်သာကိုင်လိုက်တာ ဖုန်းကိုကြည့်ပုံလည်း မရဘူး။
"လင်းညို့စေပိုင်ရဲ့ ချစ်သူပါ''
အသံတိတ်သွားတယ်။
ခဏအကြာမှ ကိုကို့ဘက်က ဝုန်းခနဲ အသံနဲ့ ကိုကို့အော်သံ ထွက်လာတယ်။
Thor စိတ်ပူသွားတာပေါ့။
"ကိုကို...ဘာဖြစ်တာလဲ!''
လင်းညို့စေပိုင် ခုတင်ပေါ်က ပြုတ်ကျတာပါ။ အိပ်ရာအကျယ်ကြီးကို သူ့ဘာသာ လှိမ့်ရင်း ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ဘေးအဆုံး ရောက်နေပြီ။ ရုတ်တရက် ဟိုဘက်က သူ့ချစ်သူဆိုတော့ လန့်ပြီး တစ်ဖက်ထပ်စောင်းလိုက်တာ ပြုတ်ကျပါလေရော။
Wait...ကိုကို ခုတင်ပေါ်က ပြုတ်ကျတာလား...။
~ကိုကိုကတော့လေ~
"အမ်း...Thor လား...အား...ကျွတ်စ်ကျွတ်စ်...သေပါပြီ''
ခိုက်မိသွားပုံရတယ်၊ ကိုကိုအော်နေတယ်။