အပိုင်း (၃၈) Final 💞

43.1K 3.1K 140
                                    

စာတမ်းကို အောင်မြင်စွာ တင်ပြီးတဲ့နောက်တော့ လင်းညို့ဟာ စိတ်လက်ပေါ့ပါးသွားခဲ့တယ်။ စာမေးပွဲကလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ပြီးသွားခဲ့တာ။

အချိန်အတော်ကြာ ထမ်းထားရတဲ့ ဝန်ထုပ်၊ ဝန်ပိုးကို လွှတ်ချလိုက်ရတဲ့နောက် သူ့ရဲ့ စိတ်လေးလည်း ပုံမှန်အတိုင်း အကြည်ဓာတ်လေး ပြန်ရောက်လာလေပြီ။

ဒီအတောအတွင်း တကယ်တမ်း ပင်ပန်းခဲ့ရသူက လင်ညို့ မဟုတ်ပါ။ သူ့ကောင်လေး စျာန်မင်းမြတ်သော,သာ ဖြစ်တယ်။

လင်းညို့ရဲ့ စိတ်မကြည်တိုင်း ပေးတဲ့ ဒုက္ခများကို ခံရရှာတယ်။ သူ့ရဲ့အလုပ်တွေ အားလုံးကို ပစ်ထားပြီး ရှိရှိသမျှ အချိန်တွေကို လင်းညို့အနားမှာပဲ ကုန်ဆုံးရှာတယ်။ စားချင်တာပါ ချက်ကျွေးတာတော့ အပိုထပ်ဆောင်းပေါ့။

"ကိုကို ဒါတွေ အားလုံး ပြန်သယ်မလို့လား''

လင်းညို့က သုံးနှစ်တာ စတည်းချခဲ့ရတဲ့ Apartment လေးကို နှုတ်ဆက်ရတော့မှာကြောင့် အခန်းတွင်းက သူအသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို အပြင်ထုတ်ပြီး ထားတယ်။

"မဟုတ်ဘူး၊ အချို့ကို ထားခဲ့မှာ၊ အချို့ကိုလည်း လိုတဲ့နေရာတွေ Donate လုပ်မှာ၊ သယ်မှာက အဝတ်အစား Luggage ပဲရယ်''

Thor တစ်ချက်ကြည့်လိုက်တော့ ကိုကို့မှာ Luggage အကြီး၊ အသေး ငါးလုံးလောက်တောင် ရှိတယ်။

"Thor မင်းရော ဘာပါလဲ''

Thor က သူသယ်လာတဲ့ Luggage ကိုတောင် သူ့ပါးပါးအိမ်ပြန်ပို့ထားလိုက်ပြီ။

"ဟင့်အင်း၊ ကျွန်တော်က အလုပ်ကိစ္စနဲ့လာတာဆိုရင် ဘာမှ မသယ်ဘူး၊ ဒီကိုလာတုန်း သယ်လာတာက ကိုကို့အဝတ်အစားတွေ ယူဝတ်နေရမှာစိုးလို့''

"ကောင်းတာပေါ့၊ မင်းဘာမှပါမလာရင် ငါ့ Luggage တွေကူသယ်''

Thor က ရယ်တယ်။

"ဟမ် ... မင်းဘာရယ်တာလဲ''

"မဟုတ်ပါဘူး၊ ကျွန်တော်က အကုန်လုံးသယ်ရမှာ တွက်ထားတော့ ကိုကိုက ကူသယ်ဆိုတော့ သဘောကျသွားလို့''

လင်းညို့ မျက်မှောင်ကြုတ်သွားတယ်။

"မင်းက ဘာလဲ၊ ငါကမင်းကို အမြဲနိုင်စားတယ်ပြောနေတာလား''

Paradox (Complete)Where stories live. Discover now