အပိုင်း (၁၅)

20.8K 2.7K 92
                                    

မနေ့တုန်းက >>>

လင်းညို့တစ်ယောက် စိုင်းနဲ့တွေ့ပြီး ပြန်လာတော့ အတန်းတက်ရတာ သိပ်စိတ်မပါ။ နေ့လယ်စာစားချိန်ကျတော့လည်း အတန်းထဲ ငုတ်တုတ်ထိုင်ပြီး ငိုင်နေတယ်။

သူ့ chair ပေါ်မှာ ဆူးရစ်မာန်ဆိုတဲ့ ကောင်မလေး Thor ကို ပေးခိုင်းတဲ့ လက်ဆောင်အိတ်လေးရယ်၊ စိုင်းက ပေးလိုက်တဲ့ ပိရိမစ်သော့ချိတ်လေးရယ် ရှိနေတယ်။

~ငါကဘာလို့သွားပေးရမှာလဲ~

လင်းညို့ တကယ်ကို တွေးနေမိတယ်။ Thor က ကောင်မလေးတွေနဲ့ ခပ်ကင်းကင်းနေတတ်တာကို လင်းညို့ အသိဆုံးလေ။ ဒါကို လင်းညို့က သွားပေးလိုက်ရင် Thor နဲ့ သူငယ်ချင်း ဆက်ဆံရေး ပျက်ဆီးမှာပေါ့။

~စိုင်းကိုပြန်ပေးလိုက်ရမလား~

စိုင်းကို သွားပေးရမှာကလည်း တစ်မျိုး ဖြစ်နေတယ်။

ဘယ်လိုနေနေ လင်းညို့က စိုင်းကို သိပ်တော့ မူမမှန်ဘူးလို့ ထင်တယ်။ အစက လင်းညို့ကို လာခင်လို့ ပြန်ခင်ပေမဲ့ တစ်မျိုးတော့ တစ်မျိုးပဲ။

~နောက်ဆုံး လင်းညို့က ကာယကံရှင်ဆီ တိုက်ရိုက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်~

Art အတန်းရှေ့မှာ ဆူးရစ်မာန်ကို သွားရှာပေမဲ့ မရှိဘူး။ လင်းညို့မေးကြည့်တော့ သူမက canteen မှာ။

လင်းညို့က သူမကို မသိပါဘူး။ ဒီလိုပဲ မေးစမ်းကြည့်ရတာ။

ဆူးရစ်မာန်ဆိုတာ Art ရဲ့ Queen ပီပီ တော်တော်လေး လှပါတယ်။ ဆံနွယ်ကောက်ကောက်တွေကို ကျောပြင်ထိ ချထားပြီး သိသိသာသာ အလှပြင်ထားတော့ အများကြားထဲ ထင်းနေတယ်။

"Hey! ဆူးရစ်...နင့်ဆီလာနေပြီ''

လင်းညို့က ဆူးရစ်မာန်အပါအဝင် ရပ်နေတဲ့ ကောင်မလေးတွေ အုပ်စုနားသွားတော့ တီးတိုးသံများ ထွက်ပေါ်လာတယ်။

"ဆူးရစ်မာန် ... အစ်ကိုက လင်းညို့စေပိုင်ပါ''

ဆူးရစ်က မျက်ခုံးပင့်ကြည့်ပြီး ပြန်ဖြေတယ်။ I know တဲ့။ သူမကို ကြည့်ရတာ အတော်လေး သွက်လက်ပြီး ထက်မြက်ပုံ ပေါက်ပါတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ပွင့်လင်းဖော်ရွေတဲ့ type မျိုးပါ။

Paradox (Complete)Where stories live. Discover now