အပိုင်း (၁၂)

23.5K 2.8K 226
                                    

လင်းညို့တစ်ယောက် ရန်ပွဲမှာ သူ့လက်စွမ်းကို ပြထားတော့ ကောလဟလတွေ တိတ်သွားကြတယ်။

အကုန်လုံးက လင်းညို့ကို Thor ပစားပေးတာက Justin နဲ့ Philip တို့လို သူနဲ့ ဂိုဏ်းတူ မိုက်ဖက်မလို့,လို့ ထင်သွားကြတယ်။

ဒီလိုနဲ့ ပြဿနာက တစ်ခန်းရပ်ပေါ့။

"မသိဘူး...Thor ရေ...ဒီတစ်ခါ ဘယ်သူ့လက်ချက်လည်း''

သတင်းစုံစမ်းထောက်လှမ်းရေး အေဂျင့် Justin က ခေါင်းတခါခါနဲ့ ပြောတယ်။ Thor က ကောလဟလကိစ္စကို လက်မလျှော့ဘဲ စုံစမ်းခိုင်းတာလေ။

"Art က ဆိုတာတော့ သေချာတယ်၊ အကုန်လုံးရဲ့ source က Art ပဲ၊ မဟုတ်မှလွဲရော''

Philip က တစ်စုံတစ်ရာ စဥ်းစားသွားပုံရတယ်။

Thor ရော၊ Justin ရောရဲ့ အကြည့်က Philipထံမှာ။

အရေးထဲ သကောင့်သားက အိုက်တင်ခံနေသေးတယ်။

"ဟိုကောင်မလေးလေကွာ၊ ကျောင်းစစရက်က Thor ကို လက်ဆောင်ပေးတာ၊ Thor လွှတ်ပစ်လိုက်တာလေ''

Thor မျက်နှာမဲ့သွားတယ်။

သူ့ကို မကြောက်မရွံ့ လက်ဆောင် လာလာပေးတာ များလွန်းလို့ ဘယ်သူမှန်းကိုမသိ။ ပိုဆိုးတာက ပေးသမျှကိုလည်း သူက လွှတ်ပစ်တာလေ။

"ဆူးရစ်မာန်လား၊ Artရဲ့ Queen''

Justin ဆိုတဲ့ကောင်က စာကလွဲရင် အကုန်မှတ်မိတဲ့ကောင်၊ ဒါမျိုးကျ မှတ်ဥာဏ်ကောင်းတယ်။

"ထားလိုက်ပါ Thor ရာ၊ မိန်းကလေးဆိုတော့ မင်းအလွန်ဖြစ်မယ်၊ ပညာလည်းပြပြီးပြီဆိုတော့ မှတ်လောက်ပါပြီ''

"ဟုတ်တယ်...Thor''

နှစ်ယောက်လုံးက ဖျောင်းဖျနေတော့ Thor လက်ခံလိုက်ရတယ်။

ဒါနဲ့ စကားမစပ် ဆယ့်နှစ်နာရီ ထိုးခါနပြီဆိုတော့ ကိုကိုနဲ့ ထမင်းစားဖို့ သွားတော့မယ်။ Thor မတ်တပ်ထရပ်လိုက်တယ်။

"ဒါက ဘယ်တုန်း...''

"ကိုကို့ဆီ...''

"Thor မင်း သူ့ကို ကြိုက်နေတာလား''

နောက်ဆုံး Justin မနေနိုင်တော့။ ရင်ထဲကမေးခွန်းကို သူထုတ်ဖော်မေးမိတယ်။

Paradox (Complete)Tahanan ng mga kuwento. Tumuklas ngayon