Extra (3)

8.9K 804 13
                                    

ရန်ဖြစ် ၊ စကားများခြင်းသည် ချစ်သူရည်းစားတို့၏ နေ့စဥ်ဘဝ၌ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ထို့အတူ တစ်ရက်တွင် Thor နှင့် လင်းညို့ အကြီးအကျယ် ရန်ဖြစ်ဖို့ရာ အကြောင်း ပေါ်လာသည်။

ထိုနေ့က တီလေးအိမ်မှ အပြန် လင်းညို့ကားထားခဲ့ပြီး Thor က ကားမောင်းကာ လင်းညို့ကို ရုံးရှေ့ထိ လိုက်ပို့သည်။ နက်မှောင်တောက်ပသော ကားကြီးနှင့် လိုက်ဖက်စွာ ဆင်းချလာသော စျာန်မင်းမြတ်သောကို အကုန်လုံးက အာရုံစိုက်ကြသည်။

"Thor ရပြီ အထဲထိမပို့နဲ့တော့''

လင်းညို့က Thor ကားတံခါးဖွင့်ပေးသည်ကိုပင် နေရခက်စွာ ခပ်လောလောပြောသည်။ သူနှင့် Thor ၏ ဆက်ဆံရေးကို ပြင်ပလူများ စပ်စပ်စုစုလုပ်မည်ကို လင်းညို့ မကြိုက်ပါ။ ယခုတော့ရုံးကလူများ သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ကြည့်နေကြလေပြီ။

"အင်း. . .''

Thor က လင်းညို့ ရှောင်ဖယ်ဖယ်လုပ်သည်ကို သိပ်တော့ သဘောကျပုံမရ။ သို့တိုင်အောင် သူကဘာမှမပြောချေ။ ခေါင်းပဲညိတ်ပြသည်။

ထိုစဥ်-

"အစ်ကို လင်းညို့. . .''

ခပ်ကျယ်ကျယ်ခေါ်သံနှင့် ဆိုင်ကယ်ကြီးတစ်စီးက လင်းညို့တို့နား ရောက်ချလာသည်။

ဆိုင်ကယ်ကြီးသည် ကျင်လည်စွာပင် တိခနဲရပ်သွားပြီး မောင်းနှင်လာသူမှာ ခပ်ငယ်ငယ် ဆယ်ကျော်သက်ကောင်လေး ဖြစ်သည်။ Helmet ကို ချွတ်လိုက်သည့်အခါ နုပျိုသည့် ကောင်လေး၏ ပုံရိပ်က ပေါ်လာသည်။

ထိုကောင်လေးသည် လင်းညို့ကို ဝမ်းသာအယ်လယ် နှုတ်ဆက်နေသည်။

ရုံးအတွင်း အပေါ်ထပ် မှန်ပြတင်းမှ ကြည့်နေသူတို့မှာ ထိုကောင်လေးဆီ ရောက်သွားသော လင်းညို့နှင့် ပါလာသည့် လူချော၏ အကြည့်စူးစူးများကို အတိုင်းသား မြင်နေရသည်။ မသိလျှင်မုန်တိုင်း ဖြတ်ဝင်တော့မည်ဟန်။

"အာ. . .တိမ်ယံ''

ထိုကောင်လေးသည် ရုံးက Intern ဆင်းနေသော ကောင်လေး ဖြစ်သည်။ အသက်မှာ လင်းညို့ထက် များစွာငယ်ပြီး လင်းညို့၏ လက်ထောက်ဟု ပြောရမည်။

Paradox (Complete)Where stories live. Discover now