"ဖေ့သားကြီးလဲ ရောက်ပြီကွ"
အခန်းထဲ၌ ဟေးလားဝါးလား လုပ်ကာ သူ့ကိုခေါ်နေသော သူငယ်ချင်းတစ်သိုက်ကို ကြည့်ကာ ဂျောင်ဂု ခေါင်းကိုသာ ခါလိုက်မိသည်
လွယ်အိတ်ကို ခုံပေါ်အရင်ပစ်တင်ကာ ဝင်ထိုင်၍ မှောက်အိပ်နေလိုက်မိသည်..
"ငါ သွားစရာရှိလို့ ခဏ"
"ဟေ့ကောင် ဘယ်သွားမလို့လဲ အတန်းချိန်နီးနေပြီ"
ဂျင်းဝူက ဘာမှတော့ပြောမသွား
ဂျောင်ဂုကိုသာ တစ်ချက်စိုက်ကြည့်၍ ထွက်သွားလေသည်
ခုံပေါ်မှောက်အိပ်နေသော ဂျောင်ဂုကတော့ မမြင်လိုက်ပေ
အသံတွေကြားသော်လည်း သူထမကြည့်ချင်ပါ
သူမနေ့ညကထဲက အတွေးတွေလွန်နေသည်မလား
သူ ထယ်ယောင်းအနား တစ်ညနေလး မရှိလိုက်သည်နှင့်
အခြေနေတွေက ရှုပ်သွားခဲ့သည်လေဂျောင်ဂု စိတ်ကိုလျှော့ကာ ခုံပေါ်အိပ်နေရာမှထလိုက်ပြီး
သက်ပြင်းချကာ ဆုံးဖြတ်ချက်ချလိုက်ပါသည်
ဘာမှန်းမသိဘဲ စိတ်ပူမနေချင်တော့
သူ့စိတ်တွေရှင်းသွားစေရန်တစ်နည်းထဲရှိတော့သည်
ထယ်ယောင်းအား နေ့လည်ကျောင်းဆင်းချိန်တွေ့ရင်တော့
မေးရပါတော့မည်
တစ်ချိန်ပြီး တစ်ချိန်ပြီးသွားသော အတန်းချိန်တွေကြား ဂျောင်ဂု breaktime ကိုသာ မျှော်နေမိသည်"ဟေး နောက်ထပ် အတန်းချိန်တွေမဝင်တော့ဘူးတဲ့
ကျောင်းပွဲတော်အတွက် ပြင်ဆင်ဖို့ တစ်ကျောင်းလုံး အတန်းချိန်တွေ ဆင်းပေးလိုက်တယ်တဲ့"ဟူသော အသံနောက်မှာ ကျောင်းသားတွေရဲ့ ဟေး ခနဲ အသံနဲ့အတူ အခန်းထဲမှ အလျှိုလျှို ထွက်သွားကြလေသည် ဂျောင်ဂုတို့သူငယ်ချင်းအုပ်စုလဲ ပြင်ဆင်ရာတွေကူညီဖို့ ထွက်လာခဲ့လိုက်သည်
ကျောင်းဟောခန်းမှကြီးထဲမှာ ကျင်းပမည်ဖြစ်၍ သွားနေစဉ်
အခန်းထဲမှ မော်နီတာက"ဟေ့ မင်းတို့ထဲက တစ်ယောက် စတိုခန်းထဲကမီးရှူးမီးပန်းတွေသွားယူပေးလို့ရမလား
ငါတို့ မနေ့က ဝယ်ထားပြီး အဲ့အခန်းထဲထားခဲ့လိုက်တာ
အခုသွားယူမလို့ကို ဆရာမကတခြားဟာခိုင်းလိုက်လို့
ပြီးရင် ဟောခန်းနောက်ထဲချထားပေးလိုက် အဲ့မှာသူတို့စီစဉ်လိမ့်မယ်"ဟု အကူညီတောင်းလာတော့
YOU ARE READING
FAULT