Part 14

743 69 2
                                    

Zawgi

ထယ်ယောင်း နေ့လည်စာကို  canteen မှာ စားနေစဉ်  အေးဆေး မစားရ။ ဘေးကနေ ဂျွန်ဟော့ဟျောင်းရဲ့ နားတပူပူ လုပ်တာကို ခံနေရသည်။
အခုတလော ဂျွန်ေ‌ဟာ့ဟျောင်းက သူ့ဆို တအားကပ်သည်။
အားတဲ့ အချိန်တွေဆို ဘေးကနေကပ်ကာ  သူသိချင်တာတွေကို တတွတ်တွတ်မေးသည်။ မကြိုက်တဲ့ အမူယာလုပ်ပြလဲ ဂရုမစိုက်။ ပေကပ်ကပ်နဲ့သာ နေသည်။

ဒီနေ့ကတော့ အ‌ခြေနေက သိပ်မတူ။
အရင်နေ့တွေကလို မဟုတ်ဘဲ ကမ်းလှမ်းချက်ပါ ပါသည်မလို့
ထယ်ယောင်း အစားစာထဲကို စိတ်နှစ်ထားယောင် ဟန်ဆောင်ထားပေမဲ့ ဂျွန်ဟော့ဟျောင်း ပြောတာတွေကို
နားစိုက်ထောင်နေမိသည်။

ဒီလိုနဲ့ ဘာရယ် မဟုတ် မျက်လုံးက အခြားတစ်နေရာကို အကြည့် ရောက်သွားတော့  ဆိုင်ခန်းအဝင်ဝက ဂျောင်ဂုနဲ့ သူ့ကောင်မလေး။ ဂျောင်ဂုကတော့ သူ့ကို မြင်ဟန်မတူ။ စားစရာတွေကို သွားမှာနေသည်။ ဂျောင်ဂု့ကောင်မလေးကသာ နေရာယူရန် တစ်ယောက်ထဲထွက်လာလေသည်။

နိုး.......နိုး မရွေးလိုက်နဲ့နော်။

ထိုကောင်မလေးက ထယ်ယောင်းတို့ ဝိုင်းရဲ့ မျက်စောင်းထိုး ဝိုင်းကို တည့်တည့်ကြီး လျှောက်လာနေသဖြင့် ထယ်ယောင်းဆုတောင်းမိသော်လည်း အမိကထိုနေရာမှာ မိန့်မိန့်ကြီးထိုင်လို့။ ပြီးမှဂျောင်ဂုရောက်လာကာ ထိုင်ပြီးမှ သူ့ကို မြင်သွားဟန်တူသည်။ ထယ်ယောင်းလဲ အခုအခြေနေကြီးက နည်းနည်းတော့ နေရခက်သလို။ ဂျောင်ဂုနဲ့ ဒီလိုအခြေနေကြီး သူမျက်နှာခြင်းမဆိုင်ချင်ပေ။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် သူဂျောင်ဂုနဲ့ သူငယ်ချင်းအဖြစ်လောက်တော့ ပြန်လိုချင်မိတယ်လေ။ အဲ့တာဆို သူတို့ကြားထဲက အဖုထစ်တွေ နည်းသွားအောင်လုပ်သင့်တယ် မထင်ဘူးလား။ အခုနေ မျက်နှာချင်း မဆိုင်ချင်ဘူးဆိုပြီး ထထွက်သွားလိုက်ရင် ရှေ့လျှောက် အခြေနေတွေက ပိုတင်းမာသွားမယ် ထင်တယ်  သူတို့နှစ်ယောက်အကြား။ ဟုတ်တယ် ဒီတိုင်းလေး အဆင်ပြေဟန်ဆောင်ပြီးတော့ ဂျောင်ဂုကြောင့် သူခံစားနေရတဲ့ပုံ မပေါက်အောင်နေရမယ်။ ဒါဆို ဂျောင်ဂု သူငါ့အပေါ် အပြစ်ရှိတယ်လို့ တွေးနေတာတွေ နည်းသွားလောက်တယ်မလား။

FAULTWhere stories live. Discover now