နှစ်ယောက်သား အတူတူ ပြန်တည့်ပြ်ီးတဲ့ နောက်မှာ ထယ်ယောင်းရော ဂျောင်ဂုရော အရင်ချိန်တွေတုန်းကလိုမျိုး ပြန်ဖြစ်သွားခဲ့ကြသည်။ထယ်ယောင်း ဘက်ကတော့ ဂျောင်ဂုရဲ့ အနားမှာ အရင်လို ပြန်နေနိုင်ရတာကိုဘဲ ဆုလာဘ်တစ်ခုလို သတ်မှတ်ထားသည်။
ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့
မီးရှုးမီးပန်းတွေ အောက်က အနမ်းတစ်ခုကို သူပြန်အစမဖော်မိ။
ထုတ်ပြောမိလိုက်တာနဲ့ ရှုပ်ထွေးလာမဲ့ သူတို့ကြားထဲက ဆက်ဆံရေးကြောင့်ဖြစ်သည်။တကယ်တော့ သူဂျောင်ဂုရဲ့ အကြောင်းပြချက်ကို သိချင်ပေမဲ့ မျှော်လင့်ထားတဲ့ အဖြေမဟုတ်ခဲ့ပါလျှင် ပိုခံစားရမည်ကို သိသောကြောင့်ပင်။
ဂျောင်ဂုရဲ့ ဖြေရှင်းချက်တွေကြားမှာ သူရဲ့ချစ်ရသူနဲ့ ပထမဆုံး အနမ်းဟာ ပေါ့ပျက်ပျက်ဖြစ်သွားမှာစိုးသည်။ဂျောင်ဂုရဲ့ အနားမှာ သူ့ခံစားချက်တွေကို လျှို့ဝှက်ထားပြီးသာ နေတော့မည်ဆိုပေမဲ့ ဒီအနမ်းလေး တစ်ခုကိုတော့ အတ္တကြ်ီးစွာ သူ့တစ်ဖက်သတ်ထဲကပင် အလှဆုံး ပုံဖော်ပါရစေ။
.
ဂျောင်ဂု ဟိုအရင်တုန်းက နေ့ရက်တွေလိုဘဲ ထယ်ယောင်းရဲ့ အိမ်ရှေ့မှာ ကျောင်းတူတူသွားရန် စက်ဘီးလေး ဖြင့်ရပ်စောင့်နေသည်။
အခြေနေတွေက မနေ့ကနဲ့ ဒီနေ့ကွာခြားလွန်းလှသည်။
မနေ့တုန်းကတော့ သူ ထယ်ယောင်းကို မျက်နှာချင်းမဆိုင်ရဲ၍ နောက်ကနေ သူမသိအောင် တိတ်တခိုးလေး လိုက်ခဲ့ရတဲ့ အခြေနေဖြစ်ပြီး
အခုကတော့ ထယ်ယောင်းအိမ်ရှေ့မှာ သူကိုယ်တိုင် စက်ဘီးလေးပေါ် တင်စီးဖို့ ရပ်စောင့်နေရသည်။
သူ ဒီလိုအခြေနေလေးကို အကြာကြီးဝေးကွာနေခဲ့ရသည် မဟုတ်လား။
သူမျှော်လင့်နေခဲ့ရတဲ့အချိန်က သူ့ဆီတစ်ဖန်ပြန်ရောက်လာတဲ့ ခံစားချက်လေးက အရင်ကထက်ပိုပြီး တန်ဖိုးထားစေတက်လာခဲ့သည်။သူ နောက်ထပ် မဆုံးရှုံးချင်ပါ။
နောက်တော့ ထယ်ယောင်း အိမ်ထဲကနေ ထွက်လာတာကို မြင်လိုက်ရသည်။ ရိုးရိုးshirt ဝတ်ထားတဲ့ သူတွေအတူတူတောင် အားလုံးထက် ထယ်ယောင်းငယ်ရဲ့ ကိုယ်ပေါ်မှာသာ ပို၍ကြည့်ကောင်းနေသလိုလို။
လွယ်အိတ်လေးကို တဖက်ထဲသာ လွယ်ကာ ထယ်ယောင်းသူ့ဆီ တရွေ့ရွေ့လာနေခဲ့သည်။
YOU ARE READING
FAULT