Part 4

770 75 0
                                    

"ထယ် ညနေကျရင် ကိုယ်နဲ့အတူပြန်မလား"

"ရတယ် ဟျောင်း
ကျွန်တော် ဂျောင်ဂုနဲ့ ပြန်နေကျ"

"နောက်နေ့ကျ ဂျောင်ဂုရော ထယ့်ကိုပါ အကို
လာကြိုပေးမယ်လေ တူတူသွားကျမလား"

ထယ်ယောင်းပြန်မဖြေခဲ့ပါ
တစ်ချက်
ပြုံး၍သာ ခေါင်းခါပြလိုက်မိသည်
သူ ဂျောင်ဂုရဲ့ စက်ဘီးနောက်ကနေ လိုက်စီးနေရတဲ့ အချိန်တွေအား သူဘာနဲ့မှ မလဲနိုင်ပါ

-------------------------------------------------


ဂျင်းဝူ တစ်ယောက် clubတစ်ခုရဲ့ ချောင်ကျသော
ဘားတန်းတစ်နေရာတွင် မူးရူးကာ အသဲကွဲ အရက်သမားကြီးလုံးလံုးဖြစ်နေသည်
သူမူးမြှဖစ်မည် ရင်ထဲက
ခံစားနေရတဲ့ ဝေဒနာ သက်သာလို သက်သာညား မူးနေမှဖြစ်မည်
အရာအားလုံးကို မေ့သွားတဲ့ အထိ သောက်လိုက်ချင်သည်
စိတ်ကိုဒုံးဒုံးချ၍ ဒီနေ့မနက်ခင်းတွင်
မျှော်လင့်ချက်ကြီးစွာဖြင့် ယွန်းမီအားဖွင့်ပြောခဲ့သော်လည်း

"ယွန်းမှာ ချစ်ရတဲ့သူရှိတယ်"
ဟူသော ပကတိပြတ် အငြင်းစကားကိုသာ ပြန်ရခဲ့သည်

"အဟက်
ဘာလဲ ဂျောင်ဂုကို ကြိုက်နေတာလား"

"မဆိုင်တဲ့သူတွေကို ဆွဲမထည့်ပါနဲ့"

"ဘာမဆိုင်ဘူးဟုတ်လား
မင်းး မင်းအဲ့ကောင်ကိုကြိုက်နေလို့
ငါ့ကိုလက်မခံနိုင်တာမဟုတ်လား"လို့ အော်မေးလိုက်တော့
တုန်တက်သွားသော ခန္ဓာကိုယ်နဲ့အတူ
ယွန်းမီက ကြောင်ကြည့်နေသည်
ဒီလို ပြုမူခံရလိမ့်မယ်မှန်း မထင်ထား၍ဖြစ်မည်
ပြီးနောက်

"အကိုဂျောင်ဂုနဲ့ ဘာမှမဆိုင်ဘူး
ယွန်းမှာလဲ ရွေးချယ်ပိုင်ခွင့်ရှိတယ်"ဟု ပြန်ပြောလာသည်

"အကို့ကို ပြန်စဉ်းစားပေးပါလားဟင်
အကို ဘာလိုအပ်ချက်ရှိလို့လဲ
အကို့မှာ ယွန်းမကြိုက်တဲ့ အကျင့်တွေရှိနေလား
အကုန်ပြော အကို အကုန်ပြောင်းလဲပေးမယ်
ကျေးဇူးပြုပြီး
အကို့ကို အကို့ကို ပြန်စဉ်းစားပေးပါနော်ယွန်း" ဟု ပြောလာသည်

ယွန်းမီတစ်ယောက် ဂျင်းဝူး သွေးရူးသွေးတန်းပြောနေတာတွေကြည့်ကာ
စိတ်ပျက်လာသည်

FAULTWhere stories live. Discover now