Part 18

712 69 3
                                    

Zawgi

ယွန်းမီနဲ့ မတွေ့ဖြစ်တာတောင် တော်တော်လေးကြာနေပြီ ဖြစ်သည်။ ပြောရရင် ပန်းခြံထဲက ကိစ္စနောက်ပိုင်း သူတို့မတွေ့ဖြစ်ခဲ့ပေ။

ထိုနေ့ရဲ့ နောက်တစ်ရက် သူပုံမှန်အတိုင်း သွားကြိုဖို့ လုပ်ပေမဲ့ ယွန်းမီကိုယ်တိုင်ကကို ရှောင်နေခဲ့တာဖြစ်သည်။
နားလည်ပါသည်လေ။ သူ့ကိုတွေ့ဖို့ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ။

သူစိတ်ပူတာက ယွန်းမီသူ့ကြောင့် မလုပ်သင့်တာတွေ ကြံရွယ်မှာကိုဆိုးတာမျိုးဖြစ်သည်။ နဂို တစ်ခါကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖူးတဲ့ သူမိုလို့ စိုးရိမ်နေရသည်။ ဒါပေမဲ့ နေ့တိုင်းအတန်းလာတက်သည်ဟု ဂျင်းဝူကဆိုတာကြောင့် အဆင်ပြေသွားမည်ဟု ထင်ပါသည်။

အခု‌ဆို သူနဲ့ယွန်းမီနဲ့က ဘယ်လိုဖြစ်သွားပြီလဲ။

မတင်မကျအခြေနေကြီးမှာ ဖြစ်နေသည်လေ။

ရက်အနည်းငယ်မျှ စောင့်ကြည့်ပြီးမှ အခြေနေထူးလာတာမျိုးမရှိလျှင် အဲ့အချိန်ကျရင်တော့ သူကိုယ်တိုင်သွားပြီး သူတို့relationshipကို အဆုံးသတ်ဖို့ကြံရွယ်ထားသည်။

မိန်းကလေးတစ်ဉီးအပေါ် မတရားမှန်းသိပေမဲ့ နှစ်ဖက်လုံး နာကျင်နေရမဲ့ relationမျိုးကို ဘာလို့ဆွဲထားနေအုန်းမှာလဲ။

"ညီလေး ညီလေး တစ်ချက်လောက်"

သူသွားနေတုန်းနောက်ကနေ လှမ်းခေါ်သည်မို့ ခေတ္တမျှ ရပ်ပေးနေမိသည်။
ကြည့်ရတာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုက ထင်တယ်။

"ညီလေး ***မေဂျာက  လီဂျွန်ဟော့ဆိုတဲ့သူကို သိလား၊
အကိုတို့ကို သူငှားထားတာ၊ အဲ့တာ အခု ဖုန်းခေါ်တော့လဲ မကိုင်ဘူး"

ထယ်ယောင်းနဲ့ မေဂျာတူဆိုတော့ လီဂျွန်ဟော့ဟျောင်းဘဲ မလား။
သူသိတယ်လို့ ဖြေပြီးပြီးချင်း အကူညီတောင်းလာတဲ့ ထိုသူ။

"အကိုတို့ကို တစ်ချက်လောက် ကူညီလို့ရမလားညီ။ သူကောင်လေးတစ်ယောက်ကို ချစ်ခွင့်ပန်မှာ ပြောထားတဲ့အချိန်က နီးနေပြီ။ အခုထိလဲ ဆက်သွယ်လို့မရဘူး"

ချစ်ခွင့်ပန်မှာ ဂျွန်ဟျော့ဟျောင်းက !!!??

သူ မြင်နေရတဲ့ ပန်းစည်းထဲက စာရွက်ပေါ်က နာမ်စားလေး။

FAULTWhere stories live. Discover now