Part 20

762 63 2
                                    

Zawgi

# ကိုကို
    ယွန်းတို့ စကားပြောကြရအောင်
    ယွန်းခေါ်သွားခဲ့ဖူးတဲ့ ပန်းခြံထဲက
    နေရာလေးမှာ‌တွေ့ကြရအောင် #

ဖုန်းထဲက messageကို ကြည့်ပြီး ဂျောင်ဂုသက်ပြင်းချမိသည်။ သူတို့အ‌ခြေနေကို အဆုံးသတ်ရမည် မဟုတ်ပါလား။ ရှောင်ပြေးနေခဲ့တဲ့ သူဆီကနေ အငြင်းစကားတွေ မကြားရဖို့ မျှော်လင့်သည်။

ဂျောင်ဂု အရင်တစ်ခါ ပန်းခြံထဲမှာ နေဝင်ချိန်ကြည့်ခဲ့တဲ့ နေရာကို နောက်တစ်ကြိမ်ရောက်လာခဲ့ပြန်သည်။ ဒါက သူနဲ့ယွန်းမီကြား နောက်ဆုံးတွေ့ခဲ့တဲ့ နေရာတစ်ခုမလား။
ခဏနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သူ မခန့်မှန်းတက်။ ယွန်းမီက သူ့ကိုရှောင်ပြေးနေခဲ့ပေမဲ့ အချိန်အတိုင်းတာ နှစ်လအထိတောင် သူ့ကိုဆွဲထားသေးတာမို့ အနည်းငယ်တော့ စိုးရိမ်မိသည်။
သူ့ကိုဆွဲထားမယ်ဆိုရင်တောင် သူကဒီတစ်ခါတော့ အားလုံးကို အဆုံးသတ်ဖို့ဘဲ တွေးထားတော့သည်။ သူ့တစ်ယောက်ထဲအတွက်သာကြည့်ပြီး ဘယ်သူ့ကိုမှ ငှဲ့မတွက်ချင်တော့ပါ။

"ကိုကို "

"အော် ယွန်းမီ"

ယွန်းမီ မျက်နှာက ပုံသေတစ်ခုလို ဖြစ်နေသည်။ ဝမ်းနည်းနေပြီး မလှုပ်ရှားချင်တော့တဲ့ ပုံမျိုး။ ဖြေးဖြေးခြင်း သူ့အနားလျှောက်လာကာ ခုံတန်းလေးပေါ် ဝင်ထိုင်သည်။
ဘာမှမပြောဘဲ လေပြေ‌‌ငယ်ရဲ့ ပွတ်တိုက်သွားမှုကို ခံစားကာ တိတ်ဆိတ်နေပြန်သည်။
ဘေးပတ်ဝန်းကျင်နဲ့ အပေါ်စီးက မြင်နေရတဲ့ မြို့ပြရှုခင်းကိုသာ ကြည့်နေတာမို့ ဂျောင်ဂုလဲ အလိုက်တသိတိတ်ဆိတ်စွာနေကာ ပြောရမဲ့ စကားလုံးတွေကို စာစီနေမိသည်။

နောက်တော့ ယွန်းမီက သူ့ဘက်ကို လှည့်ပြီးပြုံးပြလာသည်။ ဖျော့တော့နေတဲ့ အပြုံးမျိုး။

"ကိုကို

ယွန်းမီတို့ လမ်းခွဲရအောင်"

ဂျောင်ဂုမထင်ထားတဲ့ စကားမလို့ အံ့ဩသွားမိသည် ရုတ်တရက်တော့။ သူလိုချင်တာဆိုပေမဲ့ ယွန်းမီဘက်က စထွက်လာလိမ့်မည်ဟု မထင်ထား။
အခုဆို အရှုပ်ထွေးတွေက သူထင်သလိုမဟုတ်ဘဲ လွယ်လွယ်ကူကူနဲ့ ပြီးသွားတာကြောင့် ပျော်ရွှင်မှုတွေက လှိုက်ခနဲ။
ဒီကြားထဲက ယွန်းမီအပေါ် အားနာမှုတွေလဲ ဝင်လာရသည်။
သူက တစ်လျှောက်လုံး မကောင်းတဲ့လက်တွဲဖော်  ဖြစ်ခဲ့တာ မလား။

FAULTWhere stories live. Discover now