Part 8

660 76 1
                                    

Zawgi

"ထယ် ခဏ"

"ထယ်"

"ထယ် ကိုယ်ရှင်းပြမယ်"

ရှေ့က နေ မြန်မြန်သွားနေတဲ့ ထယ့်ရဲ့ လက်ကို ဆွဲကိုင်မိတော့
လက်ကို ခါထုတ်သည်
ရှေ့ကနေ ပိတ်ကာ ပြောတော့လည်း ရှောင်ဖယ်သွားမြဲ
ဘယ်လိုမှ မရတော့ တွန်းထုတ်၍ သွားသည်
သူကသာ ဇွဲမလျှော့သော လူတစ်ယောက်လို ကြိုးစားနေမြဲ

"ဂျွန်ဂျောင်ဂု
မင်း ငါ့ကိုတစ်ယောက်ထဲ အရှက်ရစေတာ အားမရလို့
ခု လူကြားထဲမှာပါလာ အရှက်ခွဲနေတာလား"

"မဟုတ်ဘူး ထယ် ခဏ
ကိုယ်ရှင်းပြ"

"ဘာမဟုတ်တဲ့ ဟာတွေလာပြီး ငါ့ကိုလာလှည့်စားမလို့လဲ
ဘာလဲ ငါက မင်းပြောသမျှ ယုံနေတဲ့ ခပ်တုံးတုံးတစ်ယောက်ဖြစ်နေလို့လား
ငါ့ ခံစားချက်တွေကို ထပ်ပြီး အရူးလုပ်မလို့လား"

တစ်ယောက်ပြောရင်း ဆိုရင်း မျက်ရည်များကျလာတော့ ထယ်ယောင်းကိုယ့်ကိုယ် ကို အားမရဖြစ်မိသလို
ဒေါသတွေကလဲ ထောင်းခနဲ
သူ ဂျောင်ဂုရှေ့မှာ သူ့ရဲ့ ပျော့ညံ့တဲ့ ပုံစံကို မပြချင်ပါ

"ငါ တစ်ယောက်ထဲနေပါရစေ
ကျေးဇူးပြုပြီး
မင်းကို မြင်ရတာ ပင်ပန်းလွန်းလို့"

ပြေးထွက်သွားခဲ့​သော ထယ်ယောင်းနောက်ကိုကြည့်ပြီး
ရင်ထဲဆစ်ခနဲ
ထယ်က သူ့ကိုမြင်ရတာ ပင်ပန်းတယ်တဲ့
သူက ထယ့်အတွက်အဲ့လိုဖြစ်တည်မှုမျိုး ဖြစ်နေခဲ့ပြီလား

ယောက်ျားသားတစ်ယောက်ဆိုပေမဲ့
သူက ထယ်နဲ့ပတ်သတ်ရင် အရာရာခံစားရလွယ်သူမို့
မျက်ဝန်းတွေက အရောင်လဲ့လာသလို

သူရည်ရွယ်ပြီးပြုမူခဲ့တဲ့အမှား မဟုတ်ပေမဲ့
နောင်တတွေကတော့ ရင်ထဲတပွေ့တပိုက်

သူမချိမခံသာ ဖြစ်လွန်းလို့သာ အော်ဟစ်ပြစ်လိုက်ချင်သည်
တဒင်္ဂက အပြုမူလေးအတွက် ပေးဆပ်လိုက်ရတာတွေအား
ခံစားရခက်လွန်းလို့သာ ပေါက်ကွဲပစ်လိုက်ချင်သည်


ဟုတ်တယ်

မှားနေတာတွေ သူပြန်ပြင်လို့ရတာဘဲ

ယွန်းမီကိုတောင်းပန်ပြီး လမ်းခွဲဖို့ပြောလိုက်ရင်
အားလုံး ပုံမှန်ပြန်ဖြစ်သွားမှာ

FAULTWhere stories live. Discover now