part 15

755 67 9
                                    

ဒီနေ့လည်း ယွန်းမီကို အိမ်ကိုလိုက်ပို့ကာ အတူပြန်ခဲ့ကြသည်။

လမ်းတစ်လျှောက်တော့ သူက ရှေ့ကနေ ဉီးဆောင်သွားကာ ယွန်းမီရဲ့ အိတ်ကိုလည်း လွယ်ပေးထားပြီး ကောင်မလေးကတော့ နောက်ကနေ တိတ်တဆိတ်လိုက်လာသည်။

ယွန်းမီ သူ့ရှေ့ကနေ ခြေလှမ်းမှန်မှန်သွားနေသော သူ့ကောင်လေး ဆိုသူကို ခိုးကြည့်နေမိသည်။

သူတို့က ချစ်သူရည်စားတွေဘဲမလား။

သူစိတ်ကူးထဲကလို ပြုမူချင်တဲ့ အတိုင်း ‌ကိုကို့ရဲ့ လက်ကို ဆုပ်ကိုင်မိလိုက်သည်။

ထိုအခါ ကိုကိုက အံ့ဩကြီးစွာဖြင့် ကြည့်လာသည်မို့ ယွန်းမီ နေရခက်စွာ ရှက်ရှက်နှင့် မျက်နှာလွှဲထားမိသည်။

ကိုကိုက သူ ဒီလိုလုပ်လိုက်မယ်လို့ ဘယ်လိုမှ ထင်ထားမှာ မဟုတ်ဘူး။ သူကိုယ်တိုင်လဲ မနဲ အားတင်းပြီးတော့ ပြုမူလိုက်ရတာ မလား။
ဟူးး ရှက်လိုက်တာ။

ယွန်းမီ မျက်နှာပူနေရသော်လည်း ရင်ထဲက ကြည်နူးမှု လှိုင်းတွေကတော့ ရိုက်ခတ်နေသည်။ ဒါမှ ပုံမှန်အတွဲတွေနဲ့ တူသွားတာ မလား။ သူ့ဘက်က တဖြေးဖြေး ရှေ့ဆက်တိုးလာတာ နဲ့အမျှ ကိုကိုဘက်ကလဲ အချစ်တွေကို ထုတ်ဖော်ပြလာရင် သိပ်‌ကောင်းမှာဘဲ။

ခုနက သူလက်ကို ကိုင်မိလိုက်ချင်း ကိုကိုရဲ့ မျက်နှာ ဖြစ်သွားပုံကိုတွေးမိရင်း ယွန်းမီရယ်ချင်လာရသည်။ သူ မထင်မှတ်ထားတာတွေ လုပ်တိုင်း ဖြစ်ပေါ်လာမဲ့ ကိုကိုရဲ့ တုံ့ပြန်မှုတွေကို ကြို‌‌ေတွးမိရင်း သူမစောင့်နိုင်တော့ပေ။ အခုတောင် ကိုကို့လက်က ချွေးစေးတွေ ပြန်နေတာကို သူခံစားမိသည်။ နေပါအုန်း အခု ကိုကိုက သူ့ထက်ပိုရှက်နေတာလား။
သူတွေးမိလေ ရယ်ချင်လေသာ ဖြစ်လာခဲ့ရ‌တော့သည်။

ဂျောင်ဂု သူအခု စိတ်တွေက အရမ်းကျဉ်းကျပ်နေသည်။ ယွန်းမီ ဆွဲကိုင်ထားတာ သူ့လက်ကလေး တစ်ခုထဲပေမဲ့ သူတစ်ကိုယ်လုံးကို အကျဉ်းချထားသလို မွန်းကျပ်နေ‌ေတာ့တာ။
သူက skinship sensitiveဖြစ်တဲ့သူ မဟုတ်။ အရာ အားလုံးက သူ့အတွက် ပုံမှန်ပါ။

ဒါပေမဲ့ ယွန်းမီက သူ့အပေါ် ချစ်သူရည်စားပုံစံမျိုး လာထိတွေ့နေတာလေ။ သူ့စိတ်ကမှက လက်မခံနိုင်တာ။

FAULTWhere stories live. Discover now