Part 10

724 77 1
                                    

Zawgi

ထယ်ယောင်း ဒီနေ့မနက် အိပ်ယာနိုးနိုး ခြင်း
မိမိရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုက်ခဲနေသလို ခံစားရသည်
ခေါင်းကလဲ သိပ်မကြည်ချင်

ကြည့်ရတာ မနေ့ညက နောက်ကျမှ
ရေချိုးလိုက်လို့ဖြစ်မည်ထင်
ဘာမှတော့ ထွေထွေထူးထူးမဖြစ်လောက်ဘူးထင်ပါရဲ့
ကိုက်ခဲတာလောက်ဘဲ နေမှာပါ
ဒါပေမဲ့ လူက ရှိန်းတိန်းတိန်းလဲ ခံစားနေရသေးသည်
အဖျားသွေးလဲနည်းနည်ရှိလောက်သည်

ဒီလောက်ဒဏ်ကလေးကိုတော့ သူမှုမနေပါ
မနက်စာစား ဆေးသောက်ပြီးသာ ကျောင်းသွားဖို့ပြင်တော့သည်
သို့သော်လည်း
နှာရည်က တရွတ်ရွတ်ဖြင့်သာ

နေ့လည်စာ စားချိန်ရောက်တော့ ထယ်ယောင်းဘယ်လိုမှ မနေနိုင်
ထမင်းတောင် သွားမစားနိုင်ဘဲ
စားပွဲပေါ်သာ ခေါင်းမှောက်ပြီးနေနေလိုက်တော့သည်
မနက်ခင်းတုန်းက အခြေနေနဲ့ဆို ဒီလောက်ဆိုးမည်မဟုတ်သော်လည်း
သူထိုင်နေရတာ
ပြတင်းပေါက်ဘေးမလို့ လေတွေက တဟူးဟူးဖြင့်သာ
ပုံမှန်ဆို လက်ရှည်အင်္ကျီတစ်ထည်လောက်ဆောင်လာလေ့ရှိသော်လည်း
ဒီနေ့မှ အားကစားချိန်ရှိသည်ကို တွေးမိ၍ ထည့်မလာခဲ့ခြင်းပေ

အခုတော့ လူကနှာတွေမွှန်ကာ နေရထိုင်ရခက်လှသည်
ခေါင်းကလဲ ထိုးကိုက်နေသဖြင့်
ဘယ်လိုမှ အဆင်မပြေ

မရတော့ဘူး သူဒီနေ့အတန်းချိန်နားမှဖြစ်တော့မယ်

"ထယ်ယောင်းရေ
Canteenမှာ မတွေ့လို့ hyungလာခေါ်တာ
အိပ်နေတာလား

ထယ်ယောင်း
ထယ်​ယောင်း!!
ဟာ ကိုယ်တွေပူကျစ်နေတာဘဲ

ထယ်ယောင်း

ထယ်ယောင်း!!!
Hyung ‌ပြောတာကြားရလား"

အဖျားသွေးလေးတက်နေတာကို
သူ့ကို့ အရေးပေါ်ခန်းထဲ ဝင်ရတော့မဲ့ သူတစ်‌ယောက်လို
စိုးရိမ်တကြီးဖြင့်
‌ပြောတာကြားရလား တွေ ပါ လာမေးနေတာ‌ကြောင့်
ထယ်ယောင်း ရီချင်မိသည်

ဒီ‌လိုတွေ အနားမှာ ရှိနေပေး
ိစိုးရိမ်ပေး
ကိုယ့်ကို ချစ်ပေး ဂရုစိုက်ပေးတဲ့ လူတစ်ချို့‌ကြောင့်
တချို့သော ဒဏ်ရာတွေကို လွယ်လွယ်နဲ့
မကုစားနိုင်ပေမဲ့လဲ တောင့်ခံနိုင်ခဲ့တယ် ထင်ပါရဲ့

FAULTWhere stories live. Discover now