3

1.5K 186 10
                                    

Jiminဆူညံနေတဲ့ပွဲအလယ်မှာအူကြောင်ကြောင်ကျန်ခဲ့သည်။မတော်တဆနမ်းမိရာကထိုကောင်လေးအတော်ရှက်သွားသည်ထင်.....မတတ်နိုင်တမင်နမ်းတာမှမဟုတ်တာ.....ကိုယ့်ဘာသာပွဲပီးသည်ထိထိုင်စောင့်နေလိုက်သည်။

"ဟာ.....Hyungလာမယ်မထင်ထားဘူး"

Taehyungတစ်ယောက်ခုမှသူ့ကိုမြင်သည်ထင်။သူ့ကိုနှုတ်ဆက်ရင်းစိုရွှဲနေတဲ့ချွေးတွေကိုတဘက်နှင့်သုတ်နေသည်။

Jiminကတော့ဟန်မပျက်ပြုံးရင်း

"အေး....ငါလည်းအချိန်တွေပိုနေလို့....ဒီနေ့မင်းနိုင်တာမို့ဂုဏ်ပြုတဲ့အနေနဲ့ငါကိုယ်တိုင်ချက်ပေးမယ်"

"မစားချင်ပါဘူး...."

Jiminလည်းTaehyungစကားကြောင့်ခေါင်းကိုလှမ်းရိုက်လိုက်ကာ

"ဘာစကားပြောတာလဲ.....မင်းအကိုကစာဖိုမှူးဆိုတာမေ့နေတာလား"

Taehyungလည်းအဲ့တော့မှာနာသွားတဲ့ခေါင်းလေးကိုပွတ်ကာလေးထောင့်ဆန်ဆန်ပြုံးရင်း

"ဟီးဟီး.......စတာပါဗျ"

"အေးပါ....လာပြန်မယ်"

Jiminပြောရင်းအရှေ့ကအရင်ထွက်သွားလိုက်သည်။

Taehyungကတော့မိန်းကလေးတွေဝိုင်းတာခံလိုက်ရတာကြောင့်အတင်းရုန်းထွက်လိုက်သည်။အတော်ကြာအောင်လွတ်အောင်ပြေးခဲ့ရသည်။

"စီနီယာ.....နိုင်သွားတာဂုဏ်ယူပါတယ်"

သူ့ရှေ့မှာပေါ်လာတဲ့ကောင်လေး.....အပြုံးတွေနှင့်ရီနေတာချစ်ဖို့ကောင်းလွန်းသည်။သူ့ကိုလက်နှစ်ဖက်နှင့်နှင်းဆီပွင့်လေးထိုးပေးနေသည်။Taehyungလည်းသူပေးတဲ့နှင်းဆီပွင့်ကိုယူလိုက်ကာ.....

"မင်းဂုဏ်ပြုတာလက်ခံပါတယ်။ခုတော့သွားတော့မယ်နော်။"

Taehyungပြောရင်းတရှိန်ထိုးပြေးထွက်သွားသည်။Yoongiအူကြောင်ကြောင်လေးဖြစ်ကာပြေးသွားတဲ့Taeကျောပြင်ကိုငေးနေမိသည်။

"သူချိန်းထားတာရှိလို့များလား"

Yoongiပြောရင်းခေါင်းကိုသာကုတ်နေမိသည်။သူ့အတွက်တော့Taehyungဆိုတာအစအဆုံးဘာလုပ်နေလဲကစသိချင်မိသူလေ......

Don't kiss me 💋(complete)Where stories live. Discover now