Jiminလည်းTaeနဲ့နှစ်ယောက်အတူဆိုင်ထဲဝင်လာခဲ့သည်။ဆိုင်ရောက်တော့အကြည့်ကိုဟိုဟိုဒီဒီလွှဲရင်းထောင့်ကခုံလေးကိုအာရုံရောက်သွားသည်။သူနဲ့နမ်းမိတဲ့ကောင်လေး......စားသောက်နေလိုက်တာJiminလည်းသူ့ခုံဝင်ထိုင်ဖို့ရွေးချယ်လိုက်သည်။
"Taehyung....ဟိုဝိုင်းသွားထိုင်ရအောင်"
Taeလည်းJiminပြတဲ့ဝိုင်းကိုအကဲခတ်သလိုတစ်ချက်ကြည့်လိုက်ပြီး.....
"Yoongiနဲ့သိလို့လား"
"မင်းကောသိတာလား"
"ကျနော့်ဂျူနီယာလေ...."
Jiminလည်းTaeစကားကြားတာနှင့်ခေါင်းငြိမ့်ကာသူကပင်ဦးဆောင်ကာထိုဝိုင်းကိုသွားလိုက်သည်။တစ်ယောက်ထဲစားသောက်နေတာခေါင်းပင်မပေါ်.....
"ဒီမှာ.....ငါတို့ဝင်ထိုင်လို့ရလား"
ခုံကိုလက်နှင့်တတောက်တောက်ခေါက်ရင်းမေးတော့စားနေတဲ့ကောင်လေးကခေါင်းထောင်လာကာ.....
"ခုံတွေအများကြီးရှိတာကိုတခြားမှာသွားထိုင်"
ဘောက်ဆက်ဆက်ပြောရင်းသူ့ဘာသာဆက်စားနေတဲ့ကောင်လေးVကသဘောကျသလိုပြုံးကာ....
"တကယ်မထိုင်ခိုင်းဘူးလားမနက်တုန်းကကျပေးထိုင်ရတယ်"
Yoongiလည်းVအသံကြားမှခေါင်းထောင်လာကာ
"ဟင်...စီနီယာ"
Jiminကတော့မဲ့ကာ......
"ထိုင်လို့ရပြီလား"
"ထိုင်ထိုင်"
ဆောင့်အောင့်ပြောတဲ့Yoongiကြောင့်jiminစိတ်ထဲသိပ်မခံချင်ဖြစ်သွားသည်။Taeကတော့စိတ်ဆိုးနေတဲ့Jiminပုံကိုကြည့်ကာသဘောကျလျက်.....
"Yoongiဒါကိုယ့်ရဲ့Hyungလေ....ချောတယ်မလား"
Taehyungပြောရင်းမိတ်ဆက်ပေးသည်။Yoongiကမျက်စောင်းထိုးကာ
"သူနဲ့အစတည်းကသိတယ်။ဒါပေမယ့်စီနီယာရဲ့အကိုဆိုတာတော့ခုမှသိတာ...."
"ဟုတ်လား....ဘယ်တုန်းကသိတာလဲ"
Jiminကခနဲ့သလိုပြောရင်းမေးလာတော့Yoongiလက်ထဲကစားလက်စဇွန်းကိုတင်းတင်းကိုင်ကာအံကြိတ်ပြလိုက်သည်။Taeကတော့နှစ်ယောက်ကြားဘာတွေဖြစ်မှန်းမသိ.....
BẠN ĐANG ĐỌC
Don't kiss me 💋(complete)
Lãng mạnအရသာကိုတန်ဖိုးထားမြတ်နိုးစွာစားတတ်တဲ့စာဖိုမှူးjiminကမတော်တဆအနမ်းတစ်ခုကြောင့်အရသာကိုမခံစားနိုင်တော့သည့်အခါ