"စီနီယာ.....ထမင်းစားနေပြီလား....ကျနော်ထိုင်မယ်နော်"
Yoongiပြောရင်းကန်တင်းမှာတစ်ယောက်တည်းထိုင်စားနေတဲ့Taeနားဝင်ထိုင်လိုက်သည်။Taeကတော့ရီကာ
"ဘာလဲ....ဒီနေ့ကျအတန်းချိန်စောစောလာတာပေါ့.....မနက်စာတောင်လာစားလို့"
Yoongiတစ်ယောက်Taeစကားကြောင့်ဘာပြောရမလဲမသိ...သူကအမြဲတမ်းနေ့လည်လောက်မှနိုးတာမို့မနက်စာဘယ်တော့မှမစား.....စီနီယာကဒါကိုသတိတရသိနေတော့လည်းပျော်မိသား
"စီနီယာကလဲ.....ကျနော်ကညနက်တဲ့ထိစာလုပ်လို့ပါ"
အိပ်ပုတ်ကြီးတယ်ဆိုပြီးအရှက်တော့အကွဲမခံဘူး.....အကြောင်းပြမှ....
"ဘာလဲ.....ညတိုင်းဂိမ်းဆော့နေတာစာလုပ်တာလား"
Taehyungပြောရင်းထရယ်သည်။Yoongiကတော့စိတ်အလိုမကျတာကြောင့်နှုတ်ခမ်းဆူကာ
"ဟွန့်....ဘယ်လိုသိတာလဲ"
"သိတာပေါ့....Yoongiညတိုင်းလိုင်းပေါ်မှာကြီးပဲ....Yoongiလိုရည်းစားမရှိတဲ့သူကကောင်မလေးနဲ့တော့စကားပြောနေမှာမဟုတ်ဘူးဂိမ်းပဲဆော့နေမှာ...ဟုတ်တယ်မလား"
Taehyungစကားကြောင့်ရှက်ရယ်လေးရယ်ကာခေါင်းကုတ်ရင်းလက်မခံချင်လည်းလက်ခံလိုက်ရသည်။
"ဒါနဲ့Yoongi.....ဘာဟင်းလဲ"
Taehyungပြောရင်းYoongiပန်းကန်ထဲလှမ်းကြည့်လာသည်။Yoongiကလက်ကလေးနှစ်ချောင်းထောင်ပြကာ
"ခေါက်ဆွဲကြော်နဲ့ကကြက်ကြော်"
Taehyungကသဘောတကျပြုံးရင်း
"အစားပုတ်လေးပဲ....အများကြီးစားနိုင်တာပဲအဲ့တာကြောင့်လုံးလုံးလေးဖြစ်နေတာ"
Taehyungပြောရင်းပါးဖောင်းဖောင်းလေးကိုဆွဲညစ်လိုက်တော့Yoongiကရှက်သွားကာ
"အများကြီးမစားပါဘူး....နည်းနည်းလေးပါ"
ပြောရင်းသွားသေးသေးလေးတွေပေါ်သည်ထိရီနေမိသည်။Taehyungလည်းဆက်မပြောတော့ပဲထမင်းသာဆက်စားနေလိုက်သည်။
"📱📱📱📱"
Taeလည်းဖုန်းသံကြောင့်စားနေတာကိုရပ်ကာဖုန်းကိုင်လိုက်သည်။
BINABASA MO ANG
Don't kiss me 💋(complete)
Romanceအရသာကိုတန်ဖိုးထားမြတ်နိုးစွာစားတတ်တဲ့စာဖိုမှူးjiminကမတော်တဆအနမ်းတစ်ခုကြောင့်အရသာကိုမခံစားနိုင်တော့သည့်အခါ