7

1.3K 182 9
                                    

Yoongiတစ်ယောက်လက်ခံသင့်မခံသင့်အတော်စဥ်းစားနေရသည်။လက်ခံရင်လည်းကိုယ့်ကိုကိုယ်ရောင်းစားသလိုဖြစ်ဦးမယ်။လက်မခံရင်လည်းအတင်းအကြပ်နမ်းဦးမယ်။လူကြားထဲလည်းအရှက်ခွဲဦးမယ်။

"ဟေ့.....Yoongiဘာတွေစဥ်းစားနေတာလဲ"

Taeကဘယ်ကရောက်လာလဲမသိ.....သူ့ဘေးဝင်ထိုင်ရင်းသူ့လက်မောင်းကိုလှုပ်လိုက်မှသတိဝင်လာသည်။

"ဘာမှတော့မဟုတ်ပါဘူး.....စီနီယာအကိုပြောတဲ့ကိစ္စစဥ်းစားနေတာပါ"

"ဘာကိစ္စလဲ"

Taehyungကအူကြောဂ်ကြောင်မေးလာသည်။Yoongiလည်းဘာပြောရမှန်းမသိမျက်ခုံးပင်ကျုံ့ကာ

"စီနီယာမသိဘူးလား"

Taehyungကထပ်မံ၍အူတူတူအမူအယာနဲ့ခေါင်းခါပြသည်။

Yoongiလည်း....စိတ်ပျက်သလိုစုပ်သပ်ရင်း

"အေးလေ.....သူ့လိုအရိုင်းအစိုင်းကမိသားစုနဲ့တိုင်ပင်ဖော်လည်းရမှမဟုတ်ပါဘူး"

Yoongiခပ်တိုးတိုးရေရွတ်ရင်းသက်ပြင်းချနေမိသည်။

"Yoongi....မပြောပြတော့ဘူးလား"

Yoongiလည်းသိချင်နေတဲ့Taehyungကိုကြည့်ကာရှင်းပြလိုက်သည်။Taehyungကစဥ်းစားသလိုတွေးကာ

"Hyungဘက်ကကြည့်တော့လည်းမှန်တာပဲ.....Yoongiဘက်ကတွေးကြည့်တော့လည်းခံပြင်းချင်စရာပဲ....ဘာဖြစ်ဖြစ်Yoongiဆုံးဖြတ်ချက်ကိုတော့လေးစားရမှာပေါ့...."

Taehyungပြောရင်းမျက်ခုံးပင့်ပြလိုက်သည်။Yoongiရင်ထဲတစ်ဒုန်းဒုန်းမြည်အောင်ပင်ခုန်သွားစေတဲ့Taehyungအပြုအမူ

*ဖွင့်ပြောလိုက်ချင်တယ်။ဒါမဲ့ကြောက်တယ်*

"Yoongi...Yoongi...ဘာတွေထပ်တွေးနေပြန်တာလဲ"

Taehyungကမျက်နှာနုနုပေါ်လေးအေးလေးမှုတ်ရင်းသတိဝင်လာအောင်စနောက်ပြန်သည်။

"အာ.....စီနီယာ..."

Yoongiနှုတ်ခမ်းလေးဆူကာTaeရင်အုပ်ကျယ်ကျယ်ကိုရိုက်လိုက်သည်။Taehyungကအော်ရယ်ရင်း

"ဟာ.....စတာကို....ရှက်သွားတာလား"

*ရှက်တာထက်တောင်ပိုသေးတယ်*

Don't kiss me 💋(complete)Donde viven las historias. Descúbrelo ahora