Jiminအမှောင်ထုဖုံးလွှမ်းနေတဲ့လမ်းကြီးတွေ....ရပ်ကွပ်တွေကြားကလမ်းကြားတွေ.....Yoongiသွားနိုင်မဲ့နေရာတွေရှာနေခဲ့တာသေလောက်သည်။
"Yoongi.....ဘယ်တွေသွားနေတာလဲ.....လူကိုစိတ်ပူအောင်"
Jiminစိတ်ပျက်စွာရှာဖွေရင်းတတွတ်တွတ်ရွတ်နေသောစကားလုံးတို့ကလည်းစိတ်ပူနေတာကိုဖော်ပြနေသလို
"Yoongi....Min Yoongi"
jiminစိတ်ပျက်စွာအော်ခေါ်ရင်းလမ်းမထက်ပြေးလွှားရှာနေမိသည်။
"📱📱📱📱"
Jiminစိတ်ညစ်ရကြားထဲဖုန်းသံကြောင့်ဒေါသနှင့်အတူကိုင်လိုက်သည်။
"Helloပြော"
"မောင်.....ဘယ်လို့အော်တာလဲ"
"ဆောရီးဘာပြောမို့လဲ"
"သဲပြန်လာဖို့.....ပိုက်ဆံပြတ်သွားလို့...အဲ့တာပိုက်ဆံလွှဲပေး....အခုချက်ချင်းလွှဲပေးနော်"
"ပြန်လာစရာပိုက်ဆံမရှိရင်ပြန်မလာနဲ့....သောက်ရေးမပါတာတွေပဲပြောတယ်....ငါအခုအလုပ်ရှုပ်နေတယ်....ယီးစကားတွေလာမပြောနဲ့...."
"မောင်....သဲကိုအော်တယ်အဟင့်...သဲကမောင်ပိုက်ဆံမလွှဲပေးဘာနဲ့ပြန်လာရမှာလဲလို့...."
"နင့်ဘာသာလာချင်သလိုလာ....အခုတော့ဒါပဲ"
Jiminဖုန်းကိုချကာသူရှာနေတဲ့Yoongiကိုသာဆက်ရှာနေမိသည်။
"📱📱📱📱"
နောက်တစ်ခါထပ်မြည်လာတဲ့ဖုန်းကြောင့်ရိုက်ခွဲပစ်လိုက်ချင်သည်။သို့ပေမယ့်စိတ်ကိုထိန်းကာထပ်ကိုင်လိုက်သည်။
"Hello....Hyungရှာတွေ့လား"
"မတွေ့သေးဘူး...."
"သူကသူ့ကိုယ်သူအန္တရာယ်ဖြစ်အောင်လုပ်လောက်မဲ့ထိအသိဉာဏ်မမဲ့ပါဘူး.....အိမ်ပြန်လာခဲ့တော့"
"မဖြစ်ဘူး....ငါစိတ်ပူတယ်"
"Hyung...သူ့ကိုချစ်နေတာလား"
"ငါမသိဘူး"
"မသိဘူးလုပ်မနေနဲ့.....Yoongiအိမ်ပြန်ရောက်နေပြီ....သူကစိတ်ညစ်ရင်မုန့်ထွက်စားတတ်တယ်....အခုပြန်လာပြီ"
jiminလည်းကြားကြားချင်းဖုန်းချကာအိမ်ကိုဦးတည်လိုက်သည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
BINABASA MO ANG
Don't kiss me 💋(complete)
Romanceအရသာကိုတန်ဖိုးထားမြတ်နိုးစွာစားတတ်တဲ့စာဖိုမှူးjiminကမတော်တဆအနမ်းတစ်ခုကြောင့်အရသာကိုမခံစားနိုင်တော့သည့်အခါ