"Yoongi....အင်း....နာတယ်...အာ့...အာ့..."
Jiminအိပ်ယာကမထချင်သေးတာကိုYoongiကသူ့နားဖျားအားရင်းနိုးမိသည်။သွားသေးသေးလေးတွေကသူ့ကိုစူးခနဲခံစားရစေသည်။
"အာ့....မကိုက်နဲ့လို့"
Jiminတစ်ယောက်လည်းဘယ်လိုမှပြောမရတာကြောင့်Yoongiအားလက်ကလှမ်းဆွဲကာစောင်ပုံထဲသွင်းလိုက်သည်။စောင်ပုံထဲမှာJiminနဲ့ပူးကပ်သွားသည်နှင့်Yoongiကိုယ်လေးရှိန်းခနဲ.....
"ခင်....ခင်ဗျား...အဝတ်..ဝတ်မအိပ်ဘူးလား"
"ကိုယ်တစ်ယောက်တည်းအိပ်တာအဝတ်ဝတ်စရာမှမလိုတာ.....ဟုတ်တယ်မလား"
Yoongiအတော်လန့်သွားသည်။Jiminကကိုယ်လုံးတီးနှင့်အိပ်နေခြင်းဖြစ်သည်။Jiminကသူ့မျက်နှာအားစိုက်ကြည့်ကာ.....
"ကိုယ်လေ....အိပ်ယာနှိုးတာနဲ့ချစ်ရသူနဲ့ဒီလိုလေးမျက်နှာချင်းဆိုင်ပြီးနှိုးထချင်တာ"
"ခင်ဗျားဆန္ဒတွေမပြည့်ရင်ရော"
"ပြည့်မှာပါ....ကိုယ်မင်းမျက်လုံးကအဖြေတွေမြင်နေရတယ်"
"ခင်ဗျားကတော့ယုံကြည်မှုလွန်ကဲနေတယ်....တစ်နေ့ဒုက္ခရောက်မယ်"
"ကိုယ့်ယုံကြည်တာမင်းကိုပဲ.....ကိုယ့်ကိုကိုယ်ထက်မင်းကိုပိုယုံတယ်။"
"ကျနော်ကိုအဲ့လောက်ချစ်လား"
"Yoongi.....ချစ်တာထက်ကိုပိုတယ်....ကိုယ်ဘယ်လိုရှင်းပြရမှန်းမသိဘူး.....ဒါပေမယ့်ကိုယ်မင်းကိုချစ်တယ်ပြောတာကိုယ့်ရင်ထဲကခံစားချက်ရဲ့0.001%လောက်ပဲထပ်တူညီတယ်"
"အဲ့လောက်တောင်လား"
"အဲ့တာတောင်ကိုယ်ကMathညံ့တယ်"
"လူလည်ကြီး"
Yoongiရယ်ရွှင်ရွှင်ပြောရင်းJiminအားဖက်လိုက်ကာJiminနဖူးကိုအနမ်းခြွေမိတယ်။
"နဖူးပဲလား"
"တော်ပြီလေ...ထတော့"
Yoongiပြောရင်းJiminကိုဆွဲထူဖို့လုပ်တော့ဗလာဖြစ်နေတဲ့Jiminကိုယ်လုံးကစောင်ပုံထဲကရုန်းထွက်လာသည်။
"အား....ဆောရီးပါ....ကျ...ကျနော်မေ့သွားလို့"
Yoongiသူ့မျက်လုံးသူအုပ်ရင်းjiminကိုဖြေရှင်းမိသည်။Jiminကဟက်ဟက်ပက်ပက်ရယ်ကာ
ESTÁS LEYENDO
Don't kiss me 💋(complete)
Romanceအရသာကိုတန်ဖိုးထားမြတ်နိုးစွာစားတတ်တဲ့စာဖိုမှူးjiminကမတော်တဆအနမ်းတစ်ခုကြောင့်အရသာကိုမခံစားနိုင်တော့သည့်အခါ