"Yoongi....ဘာစားချင်လဲ"
Jiminမနက်စောစောစီးစီးမီးဖိုခန်းထဲအလုပ်ရှုပ်နေရာကအိမ်အပေါ်ထပ်ကဆင်းလာတဲ့Yoongiကိုလှမ်းမေးလိုက်သည်။
"အမူးပြေသွားပြီလား"
YoongiဆီကစကားကိုJiminသဘောမကျခေါင်းခါပြရင်းYoongiနားလျှောက်သွားလိုက်သည်။Yoongiလက်အားဆုပ်ကိုင်လိုက်ကာ
"ငါသေချာစဥ်းစားပြီးပြီ.....ငါမင်းကိုသဘောမကျဘူး"
"အဲ့တာကြောင့်ပြောတာကြောင့်....သေချာစဥ်းစား"
YoongiဆီကစကားကိုJiminကဆက်မပြောဖို့ပါးစပ်ကိုလက်တို့နှင့်အုပ်လိုက်ကာ
"ချစ်တာYoongi....ကိုယ်မင်းကိုချစ်တာ"
"ဘာလဲဗျ....လူကိုလာကစားနေတာလား....ဘာတွေဖြစ်ကုန်မှန်းနားမလည်တော့ဘူး"
"နားလည်သည်ဖြစ်စေ....နားမလည်သည်ဖြစ်စေ.....အခုချိန်ကစပြီးကိုယ်မင်းကိုချစ်တာတော့နားလည်ပေးထားပါ....ကိုယ်လဲရုတ်တရက်မို့ရင်ခုန်တာကိုမထိန်းချုပ်နိုင်ဘူး....နမ်းလိုက်ချင်တယ်....ဖက်ထားချင်တယ်"
"ဟာ...ဘာလို့ပြောနေတာလဲ....ကိုယ့်စိတ်ထဲကိုယ်သိမ်းထားပါလား"
"ကိုယ်သိမ်းထားရင်.....မင်းမသိမှာစိုးလို့ပါ...."
Jiminစကားနှင့်အတူလက်ကပါကိုယ်ငယ်လေးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်လာသည်။
"အော်....မောင်ကဒီလိုတွေလုပ်နေတာပေါ့"
ရုတ်တရက်ဝင်လာတဲ့Hahyungကြောင့်JiminရောYongiရောပြာသွားသည်။
"ကိုယ်တောင်းပန်တယ်.....ဒါမယ့်ကိုယ်သူ့ကိုချစ်နေမိတယ်။ကိုယ်တို့လမ်းခွဲရအောင်"
Jiminဆီကပြတ်သားစွာထွက်လာတဲ့စကားကHayooကိုပြုံးသွားစေသည်။
*သူငါဖောက်ပြန်တာမသိသေးဘူးပဲ*
"မောင်....သဲကမိန်းမ....သူကယောက်ကျား....လိင်ကိစ္စကောရုပ်ရည်ကောအဆင့်အတန်းကောHahyungကသာတယ်"
Yoongiစိတ်မအနည်းငယ်တိုသွားတာကြောင့်မျက်ခုံးကိုကျုံ့ထားမိသည်။
Jiminကခေါင်းခါရင်း
"ကိုယ်အဲ့တာတွေစိတ်မဝင်စားဘူး....Yoongiကိုမောင်ချစ်တယ်....မဟုတ်ဘူးငါချစ်တယ်.....ပိုင်ဆိုင်ချင်တယ်"
ESTÁS LEYENDO
Don't kiss me 💋(complete)
Romanceအရသာကိုတန်ဖိုးထားမြတ်နိုးစွာစားတတ်တဲ့စာဖိုမှူးjiminကမတော်တဆအနမ်းတစ်ခုကြောင့်အရသာကိုမခံစားနိုင်တော့သည့်အခါ