10

1.3K 171 7
                                    

ဆိုင်ရောက်ထဲကတစ်ခုပြီးတစ်ခုအလကားစားသောက်နေတဲ့YoongiကိုJiminဆဲချင်မိသည်။သို့ပေမယ့်လည်းဆဲလည်းကိုယ်သာပြန်ခံပြောခံရမှာသိတာကြောင့်ငြိမ်နေလိုက်သည်။

"အမကလည်းရှက်စရာကြီး"

"မောင်လေးကလည်းဘာရှက်စရာလိုလို့လဲ"

Jiminစားဖိုဆောင်ထဲမှာနှစ်ယောက်တည်းတိုးတိုးပြောကာသာယာနေသောYoongiနဲ့ဆိုင်ကကောင်မလေးကိုကြည့်မရ.....

"ဒီကောင်ကတော့ငရှုပ်ပဲ"

Jiminရေရွတ်ရင်းသူ့ဘာသာဟင်းဆက်ချက်နေလိုက်သည်။

"ဟေ့လူ.....ကျနော်ဟင်းချက်ကြည့်လို့ရမလား"

Yoongiကရုတ်တရက်သူ့ဘေးခါထိုင်ကာခွင့်တောင်းလာသည်။Jiminလည်းတစ်ယောက်ကူလုပ်ပေးတော့သက်သာတယ်ဆိုတဲ့အတွေးနဲ့ကူညီခိုင်းလိုက်သည်။

"ဒီလိုလား"

တို့ဟူးကိုပိစိလေးလှီးကာကြွားနေတဲ့ကလေးအားမျက်စောင်းပစ်ထိုးရင်း

"မင်းကြီးတော်ကိုဒီလိုရမှာလား....နောက်ကိုနည်းနည်းဆုတ်အဲ့တာမှအနေတော်လောက်ရမှာ"

Yoongiလည်းသူခိုင်းစေတဲ့အတိုင်းနောက်ဆုတ်ကာထပ်မံလှီးချလိုက်သည်။

"ဟာဒီကောင်ဘာလဲကွ....အဲ့လိုမဟုတ်ဘူး....အဲ့လောက်ကြီးတော့လည်းဘယ်လိုချက်မလဲ"

Jiminစိတ်မရှည်စွာဆူပူရင်းYoongiအနောက်ကနေချိုင်းအောက်လက်လျိုရင်း

"ငါသင်ပေးမယ်"

Jiminလည်းအကောင်ငယ်လက်တို့အားအုပ်ကိုင်ရင်းတစ်တုံးချင်းလှီးပြလိုက်သည်။Yoongiလည်းအဲ့တော့မှသဘောပေါက်ကာစိတ်ကျေနပ်သွားသည်။

"ဟိ....ဟိ"

"အမလေး...ရိုတာနော်"

"ဟုတ်ပါ့"

အသံတိုးတိုးလေးတွေတစ်ကျက်ကျက်ကြားမှပတ်ဝန်းကျင်ကိုနှစ်ယောက်သားကြည့်လိုက်မိသည်။

ဆိုင်ကမိန်းကလေးတွေကချောင်းတဲ့သူကချောင်းပေါ်တင်ကြည့်သူကကြည့်နှင့်အတော်ပျော်နေကြပုံပင်

"ဘာကြည့်နေတာလဲ"

Jiminအော်မေးလိုက်မှထွက်သွားကြတဲ့မိန်းကလေးတွေ.....

Don't kiss me 💋(complete)Donde viven las historias. Descúbrelo ahora