"Hyung.....ကျနော်ခေါ်လာပြီ"
Taehyungအိမ်ထဲဝင်လာလာချင်းအသံဆာဆာလေးအော်တော့Jiminပြေးထွက်လာလိုက်သည်။
"အေး....လာပြီလား....တော်သေးတယ်။Hahyungအခုလေးတင်ပြန်သွားတာ....လာဝင်ခဲ့"
Jiminပြောရင်းဘောင်းဘီအိတ်ထဲလက်လျိုကာရှေ့ကဦးဆောင်ခေါ်တော့Yoongiကအံကြိတ်ကာ
"ဟေ့....ဟေ့လူ...ဝိုင်းသယ်ပေးလေ...စီနီယာကတစ်လမ်းလုံးသယ်လာပေးရတာ"
Taehyungအိတ်ထဲကခရီးဆောင်အိတ်နှစ်လုံးကိုသူ့ဘာသာယူရင်းJiminလက်ထဲထည့်ပေးလိုက်သည်။
"ငါကဘာကိစ္စသယ်ရမှာလဲ"
"သယ်ဆိုသယ်ပေါ့လျှာကိုရှည်တယ်။မကူညီပဲအိမ်ပြန်လိုက်ဦးမယ်"
Yoongiပြောဆိုရင်းဧည့်ခန်းထဲပြေးဝင်သွားသည်။Taehyungကဟက်ခနဲရယ်ကာ
"Hyungပဲသယ်သွားလိုက်တော့.....အဲ့ကောင်လေးကကလေးကျနေတာပဲ....ချစ်ဖို့ကောင်းလိုက်တာ"
Taehyungပြောရင်းရီနေသေးသည်။နောက်တော့Taeကသူနဲ့မဆိုင်တော့သလိုခရီးဆောင်အိတ်တွေထားခဲ့ရင်းYoongiနောက်လိုက်သွားသည်။
Jiminလည်းစိတ်ပျက်စွာသက်ပြင်းချရင်း
"ငါလေးသနားစရာ....ဟိုနှစ်ယောက်ကတော့ကြိုက်တော့မယ်ထင်တယ်။လက်များထပ်လိုက်ရင်နှစ်ယောက်ပေါင်းပြီးငါ့ကိုဘယ်လောက်အနိုင်ကျင့်မလဲမသိ"
Jiminစိတ်ထဲဿျိန်ဆဲရင်းဆောင့်ဆောင့်အောင့်အောင့်သာထွက်သွားလိုက်သည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
"ဒေါက်....ဒေါက်"
အခန်းတံခါးကိုဆူဆူညံညံခေါက်နေတဲ့သူကြောင့်Yoongiစိတ်တိုစွာကုတင်ပေါ်ကလူသတ်တော့မလိုထလာသည်။
"ဘယ်ကောင်လဲ....သေချင်နေတာလား"
လူကမထွက်လာသေး....အော်ဟစ်ဆူပူကာအသံဆာဆာလေးကအရင်ထွက်လာသည်။Jiminတစ်ယောက်မဲ့ပြုံးလေးပြုံးနေမိပြန်သည်။
Yoongiသူ့ကိုလာနှိုးတာJiminဖြစ်နေတာကြောင့်ပိုပင်ဒေါသထွက်နေသည်။
"ဘာကိစ္စလဲ"
"ငါဒီနေ့စားသောက်ဆိုင်သွားမှာမို့.....ခဏလိုက်ခဲ့"
ESTÁS LEYENDO
Don't kiss me 💋(complete)
Romanceအရသာကိုတန်ဖိုးထားမြတ်နိုးစွာစားတတ်တဲ့စာဖိုမှူးjiminကမတော်တဆအနမ်းတစ်ခုကြောင့်အရသာကိုမခံစားနိုင်တော့သည့်အခါ