FS-2

267 31 0
                                    

Unicode

နံနက်စောစောတွင် ဘဲလ်သံက ဆူညံစွာ ထွက်ပေါ်လာသည်မို့ ချန်းယောလ်တစ်ယောက် စိတ်တိုသွားရသည်။ အိပ်ယာဘေးမှ နာရီက နံနက်ခုနစ်နာရီကို ညွှန်ပြနေသည်။

" စောစောစီးစီး ဘယ်သူလဲကွာ "

မနေ့က ချန်းယောလ် ပြန်ရောက်ရောက်ချင်း အိမ်သို့ မသွား ။ သူငယ်ချင်းဖြစ်သူကို အကူအညီတောင်းကာ ၀ယ်ထားသော ကွန်ဒိုဆီသို့ တစ်ခါတည်း လာခဲ့သည်။

ချန်းယောလ်တွင် ပစ္စည်းများကလည်း များများစားစားမပါ။သူငယ်ချင်းအကူအညီနဲ့ သူ့အခန်းကိုလည်း ပရိဘောဂများ ကြိုတင်ဖြည့်ထားသောကြောင့် အဆင်သင့်တက်နေရုံပင်။

အိမ်ကလည်း သူ ပြန်လာသည်ကို မသိသေး။ ကင်ဂျုုံဒဲကလည်း ဒီအချိန် ချန်းယောလ်အိပ်နေမည်ကို သိနေသူမို့ မလာနိုင်။ ဒါဆို ဘဲလ်လာတီးတာက ဘယ်သူများလဲ။

ဒွိဟများဖြင့် ချန်းယောလ် တံခါးဆီ လာခဲ့သော်လည်း screen တွင် ပေါ်နေသည်က မာတာမိခင် ဖြစ်နေသည်မို့ ပင်ကိုယ်ကပင် ပြူးသော မျက်လုံးတို့က ပုစွန်မျက်လုံးလို ဖြစ်လာရတော့သည်။

သေပြီ။ ချန်းယောလ် ပြန်ရောက်နေသည်ကို ဘယ်လိုလုပ် သိသွားရသနည်း။ အကြောင်းအရင်းကို တွေ့ကြည့်တော့ ကင်ဂျုံဒဲ၁၏ မချိုမချဥ်မျက်နှာပေးက ပေါ်လာလေသည်။

ခပ်တိုးတိုးဆဲရေးကာ တံခါးကို ဖွင့်ပေးလိုက်သည်။ တန်ဖိုးကြီးရေမွှေးနံ့နဲ့အတူ ၀င်လာသောဒေါက်ဖိနပ်သံက သာမန်ထက်ပင် ဆူညံနေသယောင် ရှိသည်။

" မင်း ပြန်ရောက်တာ ဘာလို့ အိမ်မပြန်လာတာလဲ"

ချန်းယောလ်ကတော့ ပွယောင်းနေသည့် သူ့ခေါင်းကိုသာ တဗြင်းဗြင်းကုတ်ရင်း

" သားကို ဒီအတိုင်းလေးပဲ လွှတ်ထားလို့ မရဘူးလားဗျာ"

သူ့အမေကတော့ မျက်စောင်းသာ ခပ်ရွယ်ရွယ်ထိုးရင်း ...

" လွှတ်ထားရအောင် မင်းက သာမန်လူလား "

" အင်း သားကတော့ သာမန်လူဘ၀မှာပဲ နေချင်တယ် Park Group က သားအငယ်ဆုံးဆိုတဲ့ အားလုံးရဲ့ ဒေါက်ထောက်ကြည့်နေမဲ့ မျက်၀န်းတွေ အောက်မှာ မနေချင်ဘူး "

ForsythiaWhere stories live. Discover now