FS-8

123 9 2
                                    

FS- 8

"မသွားပါနဲ့ ချန်း"

ထိုအသံသဲ့သဲ့လေးက အဝေးမှဆီ ပျံ့လွင့်လာသလိုမျိုး။ ကလေးငယ်ငယ်ရဲ့ ခေါ်နေကျ အသံလ်ိုမျိုး။

ရုတ်တရက်ပင် ချန်းယောလ်တစ်ယောက် ခေါင်းက ပေါက်ကွဲမတတ်ကိုက်လာရတော့သည်။

နားဆီမှ တ၀ီ၀ီအသံများ၊ ထို့နောက် အိပ်မက်ထဲ မြင်နေကျ မြင်ကွင်းများနှင့် ကလေးငယ်ငယ်၏ မျက်နှာလေး။
ချန်းယောလ် နှမြောတသဖြစ်စွာ ကလေးငယ်ငယ်၏ မျက်နှာကို မြင်မရခဲ့။

ပြုံးလ်ိုက်လျှင် ခပ်မှေးမှေး ဖြစ်တတ်သော မျက်၀န်းများမှအပ ကလေးငယ်၏ မျက်နှာတို့ ပြန်မမြင်နိုင်ခဲ့။

မူးဝေလာသည်ကို သည်းခံရင်း ခဏမျှ ငြိမ်နေမိသည်။ အချိန်အနည်းငယ်ကြာမှ ခေါင်းက ထိုးကိုက်မှု ပျောက်သွားသောကြောင့် ကင်မျိုးရိုးကို နှိုးရသည်။

အနည်းငယ်မို့အစ်နေသည့် မျက်၀န်းများက အရည်လဲ့နေကြသည်။

"ဆန်ပြုတ်ပူပူလေး စားလိုက်နော် ပြီးရင် ကိုယ်မင်းကို ဆေးတ်ိုက်မယ် ချွေးလည်း အရမ်းထွက်နေတာ ကိုယ့်အ၀တ်လဲထားလိုက်လေ "

"အင်းပါ "

ချန်းယောလ် ပြုတ်ပေးသော ခရုဆန်ပြုတ်ကို အားရပါးရ စားနေရင်း လက်မကလည်း တထောင်ထောင်။

" အရမ်းစားကောင်းတာပဲ ချန်းယောလ်လီ ဒါမျိုးသာ ခဏခဏ စားရမယ်ဆ်ုရင် နေမကောင်းဖြစ်ရင်တောင် တန်နေပြီ "

"စားချင်ရင် ပြောလေ ရတာပဲဟာ ဒါစားဖို့လောက်နဲ့တော့ မင်းနေမကောင်းဖြစ်ဖို့ မတန်ပါဘူး"

ထို့နောက် ချန်းယောလ်က သူကို အ၀တ်လဲခ်ိုင်းသည်။ အနည်းငယ်ကြီးနေသော တီရှပ်အပွ ၊နှင့် ဘောင်းဘီတ်ို့က ပိန်ပါးသော လူငယ်လေးနှင့် လ်ိုက်ဖက်စွာ ရှိနေကြသည်။

ချန်းယောလ်ကတော့ သူ့ကိုကြည့်ရာ ခွက်ထိုးခွက်လန် ရယ်တော့သည်။ ထို့နောက် သူ့ပုခုံးကို ကိုင်ရင်း

" အဲ့ဒါက ငါနဲ့ မတော်တော့တဲ့ဟာတွေလေ ဒါတောင် မင်းနဲ့ တအားပွနေတာပဲ အဲ့လောက်တောင် အကောင်သေးရလား"

ForsythiaWhere stories live. Discover now