FS-7

94 8 0
                                    

Unicode

" ဘာ "

အထက်ပါ စကားက ချန်းယောလ်ဆီမှ ထွက်လာခြင်းပါပင်။

" ဖယ်ထုတ်ဖို့တောင် ပြောနေတာကို ပေးတွေ့လ်ိုက်ဆိုတော့
ကင်မျိုးရိုး မင်းဟာက ဟုတ်တောင်ဟုတ်သေးရဲ့လား"

" ချန်းယောလ်လီကလည်း သေချာ တွေးကြည့်စမ်းပါ
ယောကျာ်းလေးတွေက တော်ရုံကိစ္စ ခေါင်းထဲ မထည့်ကြဘူး မဟုတ်ဘူးလား"

ချန်းယောလ် တစ်ချက်စဥ်းစားဟန် ပြုကာ

" အဲ့ဒါကတော့ ဟုတ်တယ်လေ "

"ဒီတော့ သူတို့ကြားမှာ သေချာပေါက် တစ်ခုခုရှိနေမှာပဲ အဲ့ဒါလေးကိုသာ တူးဆွလိုက်ရင် ရပြီ "

ဘတ်ဟျွန်း၏ အပြောကို ချန်းယောလ် မငြင်းခဲ့။ ဒါပဲလေ သေချာပေါက် လက်ခံရမည်ပဲပေါ့။

-------------------------------------------------------------------

PG ၏ တာ၀န်ရှိသူကို တွေ့ဆုံပြီးနောက် အိမ်ပြန်လာသည့် လမ်းတစ်လျှောက်တွင် အတိတ်၏ အရိပ်တို့က တ၀ဲလည်လည်။

အတူတူသွားလာခဲ့သည့်ပုံရိပ်များက အရိပ်သဖွယ်ရောက်ခဲ့ချိန် ရင်ထဲတွင်တော့ နာကျင်မှုက စူးနစ်စွာ နက်ရှိုင်းစွာနှင့် အဖတ်ဆယ်မရလောက်တော့သည့် ယူကျုံးမရဖြစ်မှုများကသာ နေရာယူလာတော့သည်။

လမ်းထိပ်စတိုးဆိုင် ခဏ၀င်ကာ ဆိုဂျူများသာ ၀ယ်လာလိုက်သည်။ ယနေ့အဖို့တော့ ဆိုဂျူလိုအပ်နေခဲ့လေသည်။

အခန်းတံခါးကို ဖွင့်လိုက်ချိန် ကြိုဆိုသူမရှိပဲ တိတ်ဆိတ်ငြိမ်သက်လှသော အခန်းက ကြိုဆိုနေခဲ့လေသည်။

အ၀တ်အစားပင် မလဲနိုင်တော့ချေ။ နာကျင်မှုက လှိုက်တက်လာပြီမို့ ဆိုဂျူကူမှ ရပေတော့မည်။

ဆိုဂျူတန်ခိုးပြချိန်တွင်တော့ အတိတ်၏ အရိပ်တို့က တ၀ဲလည်လည်ရောက်လာတော့သည်။

-----------------------------------------
အတိတ်နေ့ရက်များတွင်တော့ သူနှင့် လီဂျယ်ဆူက အတူသွား အတူလာသည်အထိ ခင်မင်ကြသော အချစ်ဆုံးသူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။

အရွယ်လောက်လာခဲ့ချိန်တွင်တော့ သူက သူ၏ ပုံမှန်မဟုတ်သော လိင်တိမ်းညွတ်စိတ်ကို အရင်သတိထားမိလာခဲ့သည်။

ForsythiaWhere stories live. Discover now