FS-9

111 13 5
                                    

Unicode

လူနာက အိမ်တွင် ရှိနေသည်မို့ ချန်းယောလ် စိတ်ဖြောင့်ဖြောင့် မနေနိုင်ခဲ့။ အလုပ်ဟူသမျှ လက်စသတ်ပြီးနောက်
အိမ်ပြန်ဖို့ ပြင်တော့သည်။

ဆိုင်ရှိ အလုပ်သမားများ၏ စပ်စုလ်ိုသော အရိပ်အယောင်များကြောင့် သူလည်း အနေရခက်သည်။ ဟုတ်ပါသည်။ တကယ်ဆို ချန်းယောလ်အနေဖြင့် တစ်ဖက်ကို အင်တိုက်အားတိုက် ဂရုစိုက်ပေးနေစရာမလိုအပ်။

ချန်းယောလ် တွေးမိသည်က ကင်မျိုးရိုးသည် ကလေးငယ်ငယ်နှင့် တူသယောင် ခံစားရသည်ကြောင့် သူ ဂရုစ်ိုက်နေခြင်းဖြစ်ဟန်တူသည်။

မျိုးရိုးနှင့် နာမည်မှ လွဲ၍ ကင်မျိုးရိုး၏ အမူအကျင့်များက ကလေးငယ်နှင့် တူလှသည်။

မျက်နှာကတော့ ချန်းယောလ်ကိုယ်တ်ိုင်လည်း မသေချာ။ အကြောင်းအရာတစ်ခုကြောင့် ချန်းယောလ် ကလေးငယ်မျက်နှာကို မမြင်ရတာ နှစ်နဲ့ချီနေပြီပဲ။

သ်ို့သော် ရင်ခုန်သံတွေကတော့ မှတ်မိနေသည်။ ကလေးငယ်ငယ်အကြောင်း တွေးလိုက်မိသည်နှင့် ခုန်ပေါက်လာသော နှလုံးသားအကြောင်းကို ချန်းယောလ်သိသည်။

သို့သော် ကင်မျိုးရိုးကို တွေ့ရချိန်တွင် အနည်းငယ် လှုပ်ရှားလာတတ်သော နှလုံးသားကိုတော့ ချန်းယောလ် နားမလည်ပါ။

ကလေးငယ်မဟုတ်ပဲ သူ့နှလုံးသားက အဘယ်ကြောင့် ခုန်နေရပါသနည်း။

သေချာပေါက် မှားယွင်းနေသည့်အကြောင်းအရာဖြစ်ပါသည်။

--------------------------------------------------------------------

သူ ပြန်ရောက်တော့ တစ်အိမ်လုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။  လူနာက အိပ်ပျော်နေသည်ဖြစ်မည်။

အခန်းထဲ ၀င်ကြည့်တော့ ချန်းယောလ် ထင်သည့်အတိုင်းပင်။ စောင်ပုံထဲ နစ်၀င်နေသော ကိုယ်လုံးသေးသေးလေး။
မျက်နှာရဲရဲလေးက စောင်ပုံကြားမှ တိုးထွက်နေခဲ့သည်။

အဖျားကျပြီမို့ သွေးရောင်သန်းလာသော ပါးမို့မို့၊ နှုတ်ခမ်းပါးတို့က ပုံမှန်ထက် ပိုရဲနေသယောင်။ ဘာရယ် မဟုတ် ချန်းယော်လ် တံတွေးပင် မြိုချမိသည်။

ForsythiaWhere stories live. Discover now