FS - 16

77 11 0
                                    

ချိန်းထားသည့် စားသောက်ဆိုင်၏ သီးသန့်ခန်းသို့ ရောက်သည်နှင့် တဝေါဝေါ ရယ်သံများကို ကျယ်လောင်စွာ ကြားနေရသည်။

ယူမင်ဂျယ် ၀င်သွားသည်နှင့် အသံက ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်တော့ ရယ်သံများက ယခင်ထက် ပိုကျယ်လောင်လာလေသည်။

ဆေး၀ါးကွပ်ကဲရေး ဌာနအကြီးအကဲသည် အမျိုးသမီးတစ်ယောက်အား ရင်ခွင်ထဲ ထည့်ထားကာ စကားပြောနေသည်။

သို့သော် သူ၏ လက်များက သိသိသာသာရော မသိမသာပါ ထိုအမျိုးသမီး၏ ရင်သားများကို ကိုင်တွယ်နေလေသည်။

အခြားသူများကလည်း မြင်နေရသော်လည်း ဟန်ပင်မပျက် ။ ရိုးအီနေပုံပင်။

တစ်ဖက်အမျိုးသမီးမှာလည်း အခြားသူများ ရှေ့တွင် ပေါ်တင် လိင်အသားယူခြင်းကို သည်းခံနေရပုံ ပေါ်သည်။

ထို့ကြောင့် ယူမင်ဂျယ်လည်း အာရုံပြောင်းစေခြင်း အလို့ငှာ လောကွတ်ပြုလိုက်သည်။

"စီမံရေးမှုးဂျောင် ဒါလေး လက်ခံပေးပါ "

ထို့နောက် အရက်ငှဲ့ပေးလိုက်တော့ တဏှာရူး သက်ကျားအိုက ထိုအမျိုးသမီးထံ အာရုံ မရှိတော့။

ထို့နောက် ယူမင်ဂျယ်က မျက်ရိပ်ပြကာ ထွက်သွားခိုင်းလိုက်သည်။ MK၏ စီးပွားရေး ကိစ္စများကို မည်သူမှ သိစရာမလိုပေ။

ထို့နောက် Dream ၏ ထုတ်လုပ်ခွင့်အတွက် ဆွေးနွေးချိန်တွင်တော့ သိပ်ကြာကြာ မပြောလိုက်ရပါ။

ယခင်ကတည်းက စားရကောင်းမှန်း သိနေသော ရာထူးကြီးသမားများက အနည်းငယ်မျှပင် ငြင်းဆန်လိမ့်မည် မဟုတ်ပါချေ။

ထို့ကြောင့် Dream အတွက် ခွင့်ပြုမိန့်သည် မကြာခင်မှာပင်  ကျလာမည်ဟု ကတိပေးလာလေသည်။

ထို့ကြောင့် လူကြီးမင်းအားလုံးကို လက်ဆောင်ပေးရန် ဂျင်ဆင်းဘူးများ ယူလာစေသည်။

ထိုဘူးများ၏ အောက်တွင်တော့ လူတိုင်းသည်းခြေပျက်လောက်သည့် ပမာဏမျိုး ထည့်ပေးထားသည်မို့ အားလုံးက မငြင်းချေ။

ထို့ကြောင့် ယူမင်ဂျယ်အတွက် ငွေနှင့် ဖြေရှင်းရသည်မှာ အလွန်တရာမှပင် လွယ်ကူလေသည်။

ForsythiaOpowieści tętniące życiem. Odkryj je teraz