Unicode
ပြခန်းတစ်ခုတွင် လုပ်ဆောင်ရမည့် အချက်များကို ဖတ်နေရင်း ချန်းယောလ်တစ်ယောက် ခေါင်းကိုက်လာရသည်။ ထိုအချက်အလက်များမှာ သူနှင့် မစိမ်းသက်လှသော်လည်း ရင်းနှီးလှသည်တော့ မဟုတ်။
သို့သော် ဤအလုပ်ကို လက်မခံခဲ့လျှင် အစ်မဖြစ်သူက ကော်ဖီခြံကို ပေးလိမ့်မည် မဟုတ်။ ကော်ဖီခြံ မပေးလျှင် သူ၏ ဆိုင်လည်း အခက်တွေ့ရလိမ့်မည်။
သက်ပြင်းသာ ခပ်နာနာချရင်း အကြောင်းအရာများကို ဆက်ဖတ်နေလိုက်သည်။ ထို့နောက် ယူရာ၏ ရွေးချယ်ခန့်ထားမှုဖြင့် မင်ယောင်းဆိုသော အမျိုးသမီးက ချန်းယောလ်နှင့်အတူ တာ၀န်ယူမည်ဖြစ်သည်။
ထို့အတွက် အနည်းငယ် စိတ်အေးရသော်လည်း တစ်ခုခုဆိုလျှင် ကျရှုံးခြင်းကို လက်မခံနိုင်သော ချန်းယောလ်အဖို့ gallary က အာရုံစိုက်မိစရာ ဖြစ်နေခဲ့သည်။
ကော်ဖီဆိုင်ကလည်း စဖွင့်သည်မှာ မကြာသေးသည်မို့ သူ့မှာ စိတ်ချမထားရဲ။ ၀န်ထမ်းများက အတော်လေး စိတ်ချရမည့်သဘော ရှိသော်လည်း သူ့မှာ ဗျာများနေရသည်။
ထို့နောက် ပြခန်းတွင် ပြသမည့် Top 10 Artist ဆယ်ယောက်၏ စာရင်းများကို ကြည့်နေလိုက်သည်။ Top 10 တွင် ပါ၀င်သော ပန်းချီဆရာများ၏ ကိုယ်ရေးအကျဥ်းနှင့်တကွ ဓာတ်ပုံများပါ တက်လာသော်လည်း ငါးယောက်မြောက် ပန်းချီဆရာ၏ ဓာတ်ပုံကဖြင့် ကွက်လပ်ဖြစ်နေသည်။
ထိုအကြောင်းအရာကို မေးမည်အပြု မင်ယောင်းက နားလည်သွက်လက်စွာ ဖြေကြားလာခဲ့သည်။
" Light ဆိုတဲ့ ပန်းချီဆရာကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး သူ့ရဲ့ ကိုယ်စားလှယ်နဲ့သာ ချိတ်ဆက်ပြီး အလုပ်လုပ်ရတာမို့ သူက ဘယ်သူလဲ မသိရဘူး အချို့ကပြောတော့ ယောကျာ်းလေးလို့ ပြောကြတယ် အချို့ကတော့ မိန်းကလေးလို့ ပြောကြတယ်"
" ဒါတွေက ကောလဟလတွေ မလား "
ချန်းယောလ်ရဲ့ အမေးကို မင်ယောင်းက အပြုံးတစ်ချက်ဖြင့် ပြန်ဖြေရင်း...
" ဟုတ်ပါတယ် ကောလဟာလ တွေပါ ဒါပေမဲ့လည်း ယောကျာ်းလေးလား မိန်းကလေးလား ဆ်ိုတာ ခွဲနိုင်မဲ့ တိကျတဲ့ သက်သေကလည်း ရှိမနေပါဘူး"
YOU ARE READING
Forsythia
Fanfictionမင်းက ငါ့ရဲ့ မျှော်လင့်ခြင်းလေးပါပဲ မင်းက ငါရဲ့ မျှော်လင့်ခြင်းလေးပါပဲ (Zaw gyi & Uni )