တစ်ဖက်ခန်းမှ ကြားနေရသော စကားများကြောင့် ချန်းယောလ် ကင်မျိုးရိုးကို ငဲ့ကြည့်မိသည်။ သို့သော် တစ်ဖက်လူက အနှစ်နှစ် အလလက ငတ်ပြတ်လာသည့်အတိုင်း စားသောက်နေသည်မို့ စကားမပြောဖြစ်တော့။"များများစား မသိရင် ငတ်ပြတ်နေတဲ့အတိုင်းပဲ"
ပြောလည်း ပြော ၊ တစ်ဖက်လူ ပန်းကန်ထဲ ကောင်းနိုးရာရာ ရွေးချယ် ထည့်ပေးမိသည်။ ကင်မျိုးရိုးကတော့ ချန်းယောလ် ပြောသည်ကို ဘာမှ ပြန်မပြောပါချေ။
ပြောရအောင်လည်း ပါးစပ်က အားနေသည်မှ မဟုတ်ပါချေ။ ပါးစပ်တစ်ခုလုံး ထိုးကြိတ်ကာ ထည့်ထားသည်မှာ စကားပြောရန် နေရာပင် မကျန်လောက်။
ခေါင်းသာ တဆတ်ဆတ် ညိတ်ပြရုံသာ။ ငတ်ပြတ်နေသူကို ဂရုစိုက်ကျွေးမွေးရင်း Top &Top 2 အဆင်ပြေသွားသည်မှု့ Gallary အတွက် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းများကို စဥ်းစားနေမိသည်။
မင်ယောင်းကိုပါ ဖုန်းဆက်ကာ Top3နှင့် Top4 ၏ အချက်အလက်များကို ပို့ခိုင်းထားလိုက်သည်။
အချက်အလက်များ ဖတ်နေရင်း တစ်ဖက်ခန်းကိုလည်း နားစွင့်နေမိသည်။
ချစ်သူနှစ်ဦး၏ အဆင်ပြေသွားပုံအရ PGအတွက်လည်း အလားအလာကောင်းသည်လေ။
ဘေးက အငတ်ဘေးဆိုက်နေသူ စားသောက်ပြီးမှ Top3 နှင့် Top 4အကြောင်း မေးရမည်လေ။ အကြံပေးသည်နှင့် တန်အောင် တ၀တပြဲ စားသောက်နေသူ ကင်မျိုးရိုးပါပေ။
ဤနယ်ပယ်သည် ချန်းယောလ်အတွက် သိပ်မရင်းနှီးသည့်အတွက် သေချာစွာ အကူအညီပေးမည့် ကင်မျိုးရိုးလို လူက သိပ်လိုအပ်လာလေသည်။
ဘာပဲဖြစ်ဖြစ်ပါလေ။ ချန်းယောလ်အတွက် အငတ်ကလေးကို ကျွေးမွေးရသည်မှာ ကုသိုလ်လည်း ရသည်ပဲ။
ထိုအတွေးနှင့်ပင် အငတ်ကလေးအား ဟင်းများ ထပ်ထည့်ပေးရင်း ပြောမိသည်။
"များများစား"
--------------------------------------------------------------------------
"ဘာ"တစ်ဖက်၏ စကားမှာတင် ဂျောင်အင်တစ်ယောက် ဒေါသထွက်သွားရသည်။
ပြောပြသော သူမှာလည်း ရဲဘက်အရာရှိ ဖြစ်သည်မို့ ကဗျာကယာ တောင်းပန်လိုက်ရသည်။
ŞİMDİ OKUDUĞUN
Forsythia
Hayran Kurguမင်းက ငါ့ရဲ့ မျှော်လင့်ခြင်းလေးပါပဲ မင်းက ငါရဲ့ မျှော်လင့်ခြင်းလေးပါပဲ (Zaw gyi & Uni )