လမ်းဆုံလမ်းခွတွင် ယာဥ်တိုက်မှု ဖြစ်သည်မို့ အခင်းဖြစ်ရာကို ရောက်လာကြသည့် ရဲကားများက မနည်းမနောပင်။
မတော်တဆမှုမှ လူများကို သယ်ထုတ်သွားသည့် လူနာတင်ယာဥ်များကို ကြည့်နေတုန်း ထိုလူနှင့် အတူသွားသောက်သည့် ရဲအရာရှိ ရောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုရဲအရာရှိက အခင်းဖြစ်ရာ လူအုပ်ထဲ ကြည့်နေသည်မို့ ရှေ့ကလူများကို အကာအကွယ်ယူကာ နောက်ဆုတ်နေလိုက်သည်။
ထို့နေရာကို ပြန်ကြည့်မိတော့ ထိုရဲအရာရှိ မရှိတော့။ အိတ်ကပ်ထဲမှ ဖုန်းကလည်း မြည်လာသည်မို့ ကိုင်လိုက်ရသည်။
"အခြေအနေ ဘယ်လိုလဲ "
"ဆေးရုံကိုတော့ သယ်သွားပါပြီ အခြေအနေကိုတော့ မသိရသေးပါဘူး"
ထိုအချိန်တွင် တစ်ဖက်မှ ဒေါသထွက်လာသည့် အသံက ကျယ်လောင်စွာ ထွက်လာခဲ့သည်။
"သေသေသပ်သပ် လုပ်ပါဆိုနေမှ ယာဥ်တိုက်မှုက အကြီးအကျယ် ဖြစ်သွားရတယ်လို့"
"တောင်းပန်ပါတယ်"
"အခုမှ လာမတောင်းပန်နဲ့ မသေရင် နောက်ဆက်တွဲ ကိစ္စတွေ မင်းရှင်း"
မှိန်သွားသော Screen ကြည့်ရင်း သူ ဘာမှ မပြောတတ်တော့။
-------------------------------------------------------------------
အိုဆယ်ဟွန်းလည်း ယာဥ်တိုက်မှုက မရိုးရှင်းကြောင်း သိနေသည့်မို့ လက်အောက်ငယ်သားများကို ဘတ်ဟျွန်းနှင့် ဂျောင်အင်အား စောင့်ကြည့်နေစေသည်။ယာဥ်တိုက်မှုက မပြင်းထန်သော်လည်း ဘတ်ဟျွန်းရော ဂျောင်အင်ပါ သတိမရလာသေး။ ထို့အပြင် အခင်းဖြစ်ရာ နေရာတွင် ယူမင်ဂျယ်၏လက်ထောက်ကိုပါ တွေ့လိုက်ရသည် ဖြစ်ရာ ပို၍ မရိုးရှင်းကြောင်း ပို၍ ရိပ်မိသည်။
ထို့ကြောင့် ကား၏ blackbox ကိုပါ သိမ်းယူလာခဲ့သည်။ ယသူ စစ်ဆေးကြည့်တော့ လမ်းဆုံတွင် တစ်ဖက်ကားက အဆင်သင့်စောင့်နေသလိုမျိုး ရှိနေခဲ့သည်ပဲ ဖြစ်ပါ၏။
သူတို့ကားလာမှ ချက်ချင်းထမောင်းသောကြောင့် မောင်းသူက အနည်းငယ်ရှောင်လိုက်ချိန် ဘေးဘောင်နှင့် ထိမိသောကြောင့် မတော်တဆက ဖြစ်လာခြင်း ဖြစ်ရသည်။
YOU ARE READING
Forsythia
Fanfictionမင်းက ငါ့ရဲ့ မျှော်လင့်ခြင်းလေးပါပဲ မင်းက ငါရဲ့ မျှော်လင့်ခြင်းလေးပါပဲ (Zaw gyi & Uni )