FS -13(Unicode)

95 11 0
                                    

FS-13

"ကိုယ် မင်းကို ဘာမှာထားလဲ ကင်မင်ဆော့"

ချန်းယောလ်တစ်ယောက် ဒေါသထွက်လွန်းနေသည်ထင်ပါ၏။ အသံကပင် အနည်းငယ် တုန်နေသည်။

နာမည်ကို မခေါ်စဖူး ခေါ်လိုက်သည်မို့ ဘတ်ဟျွန်းရင်ထဲ အောင့်မျက်သွားရသည်။ ချန်းယောလ်လီက သူ့ဖြစ်တည်မှုကို အခြားသူတစ်ယောက်လိုမျိုး အသိအမှတ်ပြုလိုက်ပြီတဲ့လား။

ထိုအသိက ဘတ်ဟျွန်းကို ငိုချင်လာစေခဲ့သည်။ သို့သော်မငိုခဲ့ပါ။ အသံမတုန်အောင်ထိန်းနေရင်း ချန်းယောလ်လီအမေးကို ဖြေလိုက်သည်။

"တစ်ယောက်တည်း မလာရဘူးလို့ မှာထားပါတယ်"

"မင်း နားထောင်ခဲ့လား "

"နားမထောင်ခဲ့ပါဘူး"

"ဒီနေရာကို မင်းပဲအန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတာမလား အခုတော့ တစ်ယောက်တည်း လာတယ် မင်းတစ်ခုခု ဖြစ်သွားရင် ကိုယ်ဘယ်လိုလုပ်ရမလဲ"

အထက်ပါ စကားကို ချန်းယောလ်ပြောလိုက်ချိန်တွင်တော့ ဘတ်ဟျွန်း ချန်းယောလ်မျက်၀န်းတွေထဲ စိုက်ကြည့်မိသည်။

ဘာအဓိပ္ပါယ်ပါလိမ့်။ သူ မရှိရင် မဖြစ်ဘူးလို့ ဆိုလိုတာလား။

ချန်းယောလ်မျက်၀န်းထဲ မြူများရစ်သိုင်းနေသလို ရှင်းလင်းမနေခဲ့။ ဘတ်ဟျွန်းရင်ထဲကတော့ အရာတစ်ခုအတွက် သေချာလို့သွားသည်။

ဟိုအရင် အချိန်တွေကတည်းနေ အခုထိ ချန်းယောလ်လီကို သူ သဘောကျနေဆဲပါပင်။

ချန်းယောလ်၏ ဆူဆူပူပူ အပြောလေးများကို သတိရနေသည်မှာ ကြာချေပြီ။ ယခုအခါတွင်တော့ ကြားရချေပြီ။

ချန်းယောလ်က သူ့ကို ခါးပတ်ပတ်ပေးကာ ကားကို ကျင်လည်စွာ မောင်းထွက်လာခဲ့သည်။ ဘတ်ဟျွန်းကားက ကျန်နေခဲ့သည်မို့ ပါးစပ်တပြင်ပြင်ဖြစ်နေရသည်။

"ပါးစပ်တပြင်ပြင် ဖြစ်မနေနဲ့ မင်းကားကို မင်းတိုက်ခန်းအထိ လာပို့ပေးဖို့ ပြောပြီးသား"

ဘတ်ဟျွန်း ပါးစပ်ပိတ်နေလိုက်သည်။ သူ တစ်ခွန်းဟသည်နှင့် သူ့ဘက်လှည့်လာမည်စိုး၍ပင်။

ForsythiaWhere stories live. Discover now