Intro

5.5K 312 11
                                    

( Unicode )

နွေ ...
တစ်လုံးထဲပါပဲ ..
အသုံးအနှုန်းက ရိုးရှင်းသလောက် အဓိပ္ပာယ်တွေအများကြီး ပါဝင်နေခဲ့တယ် ..

နွေ ရဲ့ ပြယုဂ်ဟာ ပိတောက်ပဲ ..
ပင်ယံဆီမှာ အဝေမြိုင် ပေမဲ့ အနေမကြာခဲ့ပါဘူး
ခပ် လှမ်းလှမ်းဆီက ဥသြ ငှက်တွေဟာလဲ အော်နေလိုက်တာ ဆွေးဆွေးမြေ့မြေ့ ...

မင်းတို့ပဲ ဆွေးနိုင်မလား ငါပဲ ဆွေးနိုင်မလား ..

မနက် ၇ နာရီ မှာ ထိုးတဲ့ နေက အဲ့လောက်တောင်ပဲ အပူကဲ နေပြီလား ။

နှစ်သစ်တဲ့ ... နံရံပေါ်က ရွက်စုတ် ပြက္ခဒိန် စာရွက်သာ တရွက် လျော့သွားတယ် .. အရာအားလုံး အရင်အတ်ိုင်း ။
မနေ့က အတိုင်း .. မနှစ်က အတိုင်း .. လူလဲ အဟောင်း စိတ်လဲ အဟောင်းအတိုင်းပဲ ..

စီးကရက် တလိပ် ကို အရှိုက်ထိအောင် သောက်ချ လိုက်တယ် ။
ထွက်သွားတဲ့ မီးခိုးငွေ့တွေထဲမှာ ပြီးခဲ့တဲ့ တနှစ်လုံး ပါသွားရင်ကောင်းမယ် ။

ဝရံတာ ကိုထွက် စီးကရက် ကို ခပ်ဆွေးဆွေး ရှိုက်ဖွာနေတာကို စက္ကူဗူးထဲက ပိတောက် ပွင့်ခြောက်တွေက လှောင်နေတယ် ။
ဒီပိတောက်ခြောက် သက်တမ်းက တနှစ်ရှိပြီ ... တချိန်က မင်းလဲ ငါ့လိုပဲ လန်းဆန်း နေခဲ့တာပါပဲ .. အခုတော့ ဘာထူးလဲ မင်းနဲ့ငါ အတူတူပဲ .. ။

ပိတောက်တွေဟာ သိပ်တက်ကြွတာ ..
သင်္ကြန်မရောက်ခင် ကြိုပွင့်နေတက်ကြတယ် ..
မနှစ်ကတော့ တက်ကြွ မနေခဲ့ဘူး .. အကြိုနေ့မှ ပွင့်တယ်

လက်တဆစ်လောက်သာ ကျန်တော့တဲ့ စီးကရက်ကို အတိုအစတွေ ပြည့်ကျပ်နေတဲ့ ဆေးလိပ်ခွက်ထဲ ထိုးစိုက်လိုက်တယ် ။ အိပ်ယာဘေးက မှန်ထဲမှာ မုတ်ဆိတ်မွှေး ဗရပွ နဲ့ ကောင်က ဘယ်သူလဲ ရပ်ကြည့်နေမိတယ် ။

စားပွဲပေါ်က အမဲရောင် စက္ကူတွေနဲ့ ဖိကပ်ပြီး ကော်နဲ့ ကပ်ထားတဲ့ ခပ်နွမ်းနွမ်း စာအုပ်လေး ဖွင့်ဖတ်ဖို့က ကျွန်တော့်ရဲ့  နေ့စဥ် တာဝန် ။ အမဲရောင်နဲ့ဖုံးထားတဲ့ အထဲက အရောင်ဟာ အဝါရောင် ဆိုတာ ကျွန်တော် နဲ့ တစုံ တယောက်သာ သိတယ် ။

ဒိုင်ယာရီလေးက ခေါ်သူမဲ့ နာမ်စားလေး တခုက စ တယ် ..

အဝါလေး .. တဲ့

နွေဦး ပုံပြင် / နွေဉီး ပုံပြင်  ( A Tale Of Spring ) [ mini story - complete ]Where stories live. Discover now