အဆုံးသတ် အလွမ်း 🐥🐰

2.4K 274 26
                                        

( Unicode )

March 2021 ,

နွေ ...
တစ်လုံးထဲပါပဲ ..
အသုံးအနှုန်းက ရိုးရှင်းသလောက် အဓိပ္ပာယ်တွေအများကြီး ပါဝင်နေခဲ့တယ် ..

နွေ ရဲ့ ပြယုဂ်ဟာ ပိတောက်ပဲ ..
ပင်ယံဆီမှာ အဝေမြိုင် ပေမဲ့ အနေမကြာခဲ့ပါဘူး
ခပ် လှမ်းလှမ်းဆီက ဥသြ ငှက်တွေဟာလဲ အော်နေလိုက်တာ ဆွေးဆွေးမြေ့မြေ့ ...

မင်းတို့ပဲ ဆွေးနိုင်မလား ငါပဲ ဆွေးနိုင်မလား ..

အကြောင်းပြချက် ရေရေရာရာ မရှိဘဲ ဒီတခေါက် နွေရာသီ ရောက်လာတာ အလိုလို လွမ်းဆွေးသလို ဖြစ်လာတယ် ..

မြစ်ကြီးနား ရဲ့ နွေ က ရန်ကုန်လောက် မပူပေမဲ့ ရင်ထဲက အပူမီးက ပို ကြီးနေခဲ့တယ် ။

မြစ်ကြီးနားမှာ လုပ်ငန်းခွင် ပြန်ဝင် နေတာလဲ ၁၀ လ ကျော်လေပြီ ..ရောက်ခါစကလောက် ဒုက္ခမများတော့ပဲ အားလုံး၏ ဖေးမ မှုကြောင့် ဟိုးးယခင်က ဂျောင်ကု လို ပြန်ဖြစ်လာခဲ့ပါသည် ။

အလုပ် ရှုပ်သည့် နှစ်လဲ ဖြစ်တာမို့ အလုပ်ထဲ အာရုံနှစ်ထားလိုက်တာ နွေရာသီ၏ အပူဆုံး March လ ထဲ ရောက်လာချေပြီ ။ နောက်လဆို သင်္ကြန်ပဲ ...

ဟိုကောင်တွေနဲ့ group chat ထဲမှာ ပြောထား ဆိုထားချက်အရ သင်္ကြန်ဆို အားလုံး ရန်ကုန်မှာ ပြန်ဆုံ ကြတယ်တဲ့လေ ..

သင်္ကြန်လို့ ရေရွတ်လိုက်တာနဲ့ နှလုံးသားထဲက တဆစ်ဆစ် ...
ကြည်နူးခြင်း ပုံရိပ်တွေ ဝိုးတဝါး .. ဝမ်းနည်းခြင်း အရိပ်ယောင်တွေဟာလဲ မထင်မရှားး ..

ဒီရက်ပိုင်း အလုပ်ဖိစီးဒဏ် လားတော့ မသိ ။ ထူးဆန်းသည့် အိမ်မက်တွေ မက်တာ နေ့စဥ် ရက်ဆက် မက်နေတယ် ။

ဘေးလွယ်အိတ် စလွယ်သိုင်း လေးနှင့် စက်ဘီး အဝါလေး စီးကာ ပြုံးရွှင် နေတက်သည့် အိမ်မက်ထဲက ကောင်လေးက ကျွန်တော့် နံရံမှာ ချိတ်ထားတဲ့ ပန်းချီကားလေးအတိုင်းပဲ ...

ဒီကောင်လေးဟာ တကယ်ပဲ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကောင်လေး ဆိုတာ သေချာလား ။ သူငယ်ချင်းတွေကို တယောက်ချင်း အတင်းအဓမ္မ လိုက်မေးတော့ ဟုတ်တယ်တဲ့လေ .. သူက ကျွန်တော့် ချစ်သူတဲ့ ...

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 26, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

နွေဦး ပုံပြင် / နွေဉီး ပုံပြင်  ( A Tale Of Spring ) [ mini story - complete ]Donde viven las historias. Descúbrelo ahora