( Unicode )
" Happy Birthday သားး "
" အာ .. "
အခန်းထဲ မွေးနေ့ကိတ် သေးသေးလေး ကိုင်ကာ ဝင်လာတဲ့ မေမေနဲ့ ဖေဖေ ။ ကိတ်သေးသေးလေးပေါ်က ဖယောင်းတိုင်မီး ငြှိမ်း လိုက်ပြီး မေမေ့ပါးကို အနမ်းပေးလိုက်တော့ .. ပြုံးရွှင်သွားသည့် မျက်နှာ ။
" လက်ဆောင်က ပြောထားတဲ့ ဟာပဲနော် "
" သိပါတယ်တော် .. နောက်နေ့မှ ဖေဖေနဲ့ show room သွားကြလေ "
" ဟုတ် .. သား ဒီနေ့ ဘုရား သွားဦးမယ် "
" ဟင် .. သား ဖြစ်ပါ့မလား .. သင်္ကြန်တွင်းက ပြီးပြီ ဆိုပေမဲ့ နှစ်ဆန်းတရက်နေ့က ... "
" ဘာမှ မဖြစ်လောက်ပါဘူးဗျာ .. ဘုရားသွား ကုသိုလ် သွားယူမှာပဲဟာ "
" ကုသိုလ် သွားယူမှာ ဆိုတော့ မေမေလဲ မတားချင်ပါဘူး "
မေမေ့ကို ပြောပြီး ဖေဖေ့ကိုပါ စစ်ကူ ခေါ်တော့ ဖေဖေက ဒီတခါတော့ ကျွန်တော့်ဘက် ခပ်ပါပါ မို့ မေမေလဲ မတက်နိုင် ။
" ဒါဆိုလဲ ကားကို သေချာ ဂရုစိုက် မောင်းနော် "
" ဟုတ် စိတ်ချ "
" ဖေဖေတို့ လိုက်ခဲ့ရမလား "
" ဗျာ .. ဟို အစ်ကို တယောက် လိုက်ပေးမယ် ပြောတယ် "
" ဘယ်သူလဲ "
" အစ်ကို ဂျောင်ကု "
" အော် .. ဒီတလော သား ဂျောင်ကု တို့နဲ့ တော်တော် အဖွဲ့ကျ နေတယ်နော် "
ဖေဖေ့ စကားကြောင့် ဘာပြန် ပြောရမှန်းတောင်မသိ ။ အဖွဲ့ကျတာ မဟုတ်ဘူး ဖေဖေရေ .. ချစ်သူတွေ ဖြစ်နေတာ .. ပြောပစ်လိုက်ချင်တယ် .. ဒါပေမဲ့ ...
ဆက်ပြောနေရင် ရိပ်မိသွားမှာ ဆိုးလို့ အမြန်ပဲ ရေချိုး ခန်းထဲ ဝင် ရေချိုး လိုက်တော့သည် ။
အိမ်က ဘုရားကို ကန်တော့ ဖေဖေနဲ့ မေမေ ကိုလဲ ကန်တော့ပြီး
ဘုရား သွား မှာ ဆိုတော့ ရှပ်အင်္ကျီအမည်း နှင့် ပုဆိုး ကို ဝတ်ကာ အိမ်ကနေ အမြန်ပဲ ထွက်လာခဲ့ လိုက်သည် ။
ကိုကို့ ကားနဲ့ပဲ သွားမှာမို့ အိမ်ရှေ့မှာ စောင့်နေယုံပဲ .. လာခေါ်မယ်တဲ့လေ ..
ВЫ ЧИТАЕТЕ
နွေဦး ပုံပြင် / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]
Любовные романыJikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ mini story လေး ဖတ်ပြီး အပန်းဖြေရအောင် .. ( Complete ) Jikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ...
![နှဦေး ပုံပွငျ / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]](https://img.wattpad.com/cover/265753815-64-k171257.jpg)