အကြိုနေ့ 🍂

2K 235 20
                                        

( Unicode )

အကြိုနေ့

( 13.4.2020 )

နေထွက် မြန်တဲ့ ဒီနွေမှာ ကျေးငှက်တွေလဲ စောစော ထွက်လာကြဟန်တူတယ် ..
အစာရှာထွက်တာများ နားအေးပါးအေး မရှိကြဘူး ဆူညံနေတာပဲ ..

မနက် ၇ နာရီ နေက မျက်နှာပေါ် စူးစူးကျရောက်နေသည် .. တမင်များကြိုတင် ကြံစည်ပြီး ကျနေသလား ထင်ရတယ်  ..
ကျစ်* တစ်ချက်စုတ်သပ်ရင်း ဘယ်အချိန်က ဗိုက်ပေါ်ရောက်နေမှန်းမသိတဲ့ စောင်အပါးလေးကို ဆွဲခွာရင်း ပစ်ထုတ်လိုက်တော့ ကုတင်အောက်သို့ ပုံလျက်သား ... ။

စိတ်မကြည်ခြင်းက မိုးလင်းကထဲက စတယ် ..

တွန့်ကြေနေတဲ့ အဝါရောင်အိပ်ယာခင်းပေါ်က ဖုန်းကို လက်က အော်တို လိုက်စမ်းနေပေမဲ့ အလွယ်တကူရှာလို့မတွေ့ ။ ညဘက် ခေါင်းအုံးနား ထားအိပ်ပေမဲ့ လူက အိပ်ရင် ၃၆၀ လည်နေသည်မို့ မနက်မိုးလင်းရင် အိပ်ချင်မူးတူးနှင့် ဖုန်းကိုလိုက်စမ်းရတာ အလုပ်တခုလို .. ။

ဖုန်းပေါ်က Date ကို ကြည့်တော့ Apri 13 , တနည်းအားဖြင့် သင်္ကြန်အကြိုနေ့ ..

ကုတင်ဘေးရှိ စားပွဲပေါ်က ရေဗူးလှမ်းယူလိုက်ပြီး တဗူးလုံး အငမ်းမရ သောက်ချ လိုက်တော့မှ ရင်ထဲ နေသာထိုင်သာရှိတော့တယ် ..
မနက် ၇ နာရီ ဆိုတာ သူ့အတွက် ပုံမှန် နိုးနေကြအချိန် မဟုတ်သောကြောင့် အလိုမကျသည့် စိတ်တို့က ကြီးစိုးနေသည်မို့ ကြည်ကြည်လင်လင် မရှိလှပေ ။

စိတ်မကြည်ရခြင်း၏ အကြောင်းကလဲရှိတာကိုး ..

ဧပြီလ မှာ မွေးသူ တယောက်မို့ ဧပြီလကို သူချစ်သည် ။
မြန်မာ့ရိုးရာဓလေ့ မဟာသင်္ကြန်ကိုလဲ သူများထက် ထူးကဲစွာ ပို၍  ချစ်သည် ။

အသက် ၁၈ နှစ် ပြည့်ပြီးထဲက မေမေက သင်္ကြန်မှာ အပေါင်းသင်းနှင့် လွတ်လပ်စွာ လည်ခွင့်ကို ပေးထားတာ ဒီနှစ်နဲ့ဆို ၅ နှစ် ရှိလေပြီ .. ။
အသက် ၂၃ နှစ် ဘွဲ့လဲ ရသွားပြီမို့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြင့် အရာရာ စဥ်းစားတက်အောင် အခွင့်ရေးပေးထားသော မိဘ တွေ ပိုင်ဆိုင်ထားရသည်မှာ အလွန် ကံကောင်းနေပြီ ။

နွေဦး ပုံပြင် / နွေဉီး ပုံပြင်  ( A Tale Of Spring ) [ mini story - complete ]Место, где живут истории. Откройте их для себя