( Unicode )
" မေမေ .. ကျွန်တော့်မှာ ညီ ဝမ်းကွဲတွေ ဘာတွေ ရှိလား "
" ရှိတော့ရှိတယ် ဒါပေမဲ့ အကုန်လုံးက နိုင်ငံခြားမှာ .. ဘာဖြစ်လို့လဲ သား "
ဒီနေ့ဆို သတိရပြီးမှ ဆေးရုံမှာ နေရတာ ၁ပတ် ကျော်ပြီ ။ ခေါင်းထဲမှာ ဗလာကြီး .. ဘာမှ တွေးလို့မရဘူး မှောင်မဲ နေတာပဲ ။ မေမေ တို့ ခဏခဏ ပြောပြလို့ မိသားစု တွေကိုတော့ စိမ်းမနေတော့ပါ ။
ဘယ်ဘက် ခြေထောက်က အရိုး ငေါထွက် တာလဲ နည်းနည်း သက်သာစ ပြုနေလေပြီ ။ ခေါင်းက ခွဲစိတ်ထားတာ ဆိုတော့ အရမ်းကြီး လှုပ်လို့ မရသေးပေမဲ့ စကားပြောနိုင် ထမင်းစားနိုင် ရှိပြီမို့ တော်သေးသည် ။
ဘာလို့များ ငါ accident ဖြစ်ရတာလဲ .. ဘယ်လို accident မျိုးလဲ ။ မေးတိုင်း မေမေတို့က ဖြေပေမဲ့ ကွဲကွဲပြားပြား မမှတ်မိ ။
သားသူငယ်ချင်း တယောက်နဲ့ အတူတူ ဖြစ်တာလို့ ဖြေပေမဲ့ .. သူငယ်ချင်း ဆိုပြီး ဆေးရုံသတင်းလာမေးတဲ့ ကောင်တွေထဲမှာလဲ ထိခိုက် ဒဏ်ရာ ရသူ ဟူ၍ မရှိ ။
ညီ ဝမ်းကွဲပါ ဆိုပြီး နေ့တိုင်း ရောက်ရောက်လာတဲ့ အသားဖြူဖြူ လူကောင်သေးသေးနှင့် ကောင်လေး ကတော့ လက်က ပတ်တီးနှင့် .. ။ သူ နဲ့ အတူတူ accident ဖြစ်တာလား .. ညီဝမ်းကွဲတွေကလဲ နိုင်ငံခြားမှာတဲ့ .. ဒီကောင်လေးက ညီဝမ်းကွဲ မဟုတ်ဘူးပေါ့ .. ဒါဆို ဘယ်သူလဲ ..
သူငယ်ချင်းလား ..
ဆူယောင်း ကို မေးတော့လဲ ကျွန်တော့် အသိ ပါတဲ့ ။ တယောက် တမျိုးစီ ဖြေနေကြတာ ခေါင်းကိုက်ချင်စရာ ။
" ဘာမှ မဖြစ်ပါဘူး .. "
" သား ပန်းသီး စားဦးမလား .. မေမေ ခွဲပေးမယ် "
" ဟုတ် နည်းနည်း စားချင်တယ် "
မေမေက သူငယ်ချင်း ဆိုတဲ့ကောင်တွေ ဝယ်လာတဲ့ ပန်းသီး ကို ခွဲ နေတော့သည် ။
" မေမေ သားမှာ ချစ်သူ ရှိတယ်လို့ ကြားဖူးလား "
" သားတော့ မေမေ တို့ကို အဲ့လို ဖွင့်မပြောဖူးဘူး သား "
" အော် .. "
ထူးဆန်းတယ် ။ တခါတခါ နှလုံး နေရာ နားက အောင့်တယ် .. တခုခု ကို လွမ်းသလို ဆုံးရှုံးလိုက်ရသလို .. တမျိုးကြီးပဲ ရင်ဘက်တွေ လေးတယ် ။
ဟိုကောင်တွေ လာမှ မေးကြည့်ရမယ် ...
ВЫ ЧИТАЕТЕ
နွေဦး ပုံပြင် / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]
Любовные романыJikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ mini story လေး ဖတ်ပြီး အပန်းဖြေရအောင် .. ( Complete ) Jikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ...
![နှဦေး ပုံပွငျ / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]](https://img.wattpad.com/cover/265753815-64-k171257.jpg)