( Unicode )
ညက ဟိုလူကြီး ကို အိမ်မက် မက်တယ် ။ မက်မှာပေါ့ .. ည ၇ နာရီထဲက ဖုန်းပြောလိုက်တာ ၁၁ နာရီထိ .. အိပ်တော့လဲ သူ့အကြောင်းပဲ တွေးတာကို ..
အိမ်မက်ထဲမှာ ၂၃ နှစ်လုံး ပိုးမွေးသလို မွေးလာတဲ့ ဒီနှလုံးသား ကို ဒီလူကြီးက ခိုးသွားတယ်တဲ့လေ ။ ခိုးစရာ မလိုပါဘူးဗျ .. ခများသာ လိုချင်ရင် ကျွန်တော် ကိုယ်တိုင် ရင်ခွဲပြီး ပေးလိုက်မှာ ။
ဆုံခဲ့ရတဲ့ ၂ရက် အတွင်းမှာ ခများအပေါ် ကျွန်တော့်ရင်ခုန်သံ တွေက ဘာလို့များ ဒီလောက် တိမ်းညွှန့်ကျသွားရတာလဲ ။
နှလုံးသားလေးလဲ သူ့ရင်ခုန်သံ ပိုင်ရှင်ကို တွေ့ပြီပေါ့ ...၂၃ နှစ် ဆိုတာ ဘော်ဒါတွေဆ်ို တချို့ ရည်းစားဆိုတာ လက်ချိုးရေ လို့ ရလောက်တဲ့ထိ ။ တချို့ကတော့ တွဲပြတ် တွေ ။ တချို့ ကောင်တွေကျတော့ 5 year Anni တို့ 6 year Anni တို့နဲ့ သစ္စာ ရှင်ကြီးတွေ ။
ပြတိုက်မှာ သွားကြည့်ရမဲ့ နှစ်တထောင် FA ကြီး လို့ သူတို့ စ စ နေတဲ့ ဒီကကောင်ကတော့ စွံတော့မယ် ထင်ပါတယ် ..
ညက ဟိုကောင်တွေနဲ့ တိုင်ပင်တော့ မယုံရေးချ မယုံတွေ လုပ်နေလို့ ခိုးရိုက်ထားတဲ့ ခများပုံတွေ ပြလိုက်ရသေးတယ် ။အချစ်ကို စ ခံစားမိချိန် .. နှလုံးခုန်သံကို စ သတိထားမိတဲ့အချိန်မှာ ချစ်မိတဲ့လူက ယောကျ်ားလေး တယောက် ကိုတဲ့လား ။ ကျွန်တော့်ထက် အသက် ၈ နှစ်ကြီးတဲ့ လူတယောက်ကိုလေ ...
ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ရောဖြစ်သင့်ရဲ့လား ဆိုတဲ့ မေးခွန်းတွေကို အကြိမ်ပေါင်းများစွာ မှန်ရှေ့မှာ မေးကြည့်တော့လဲ ကိုကို့ ကို ချစ်တယ် လို့ပဲ အဖြေထွက်နေတယ် ။
" ကိုကို "
နှုတ်ခမ်းဖျား ကနေ နာမ်စားလေး တခု ထွက်ကြည့်လိုက်တော့ နွေးထွေးလိုက်တာ ။ ယောကျ်ား အချင်းချင်း ကိုကို ဆိုတဲ့အသုံးအနှုန်းကြောင့် ငါက gay များ gay နေလား ဆိုတဲ့ မေးခွန်းကိုတော့ အထိတ်တလန့်ရယ်ပါ ..
ဟင့်အင်း .. ဒါက နာမ်စား တခုပါပဲ .. ကျွန်တော်က ဂျွန်ဂျောင်ကု ဆိုတဲ့ ခများကို ချစ်ရုံပဲချစ်တာ ။ ကိုကို ဆိုတဲ့ နာမ်စားလေး ခေါ်ဖို့ ကျွန်တော် က မိန်းကလေး ဖြစ်စရာမလိုပါဘူး .. ခများကို ချစ်နေဖို့ပဲ လိုတာ ...
YOU ARE READING
နွေဦး ပုံပြင် / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]
RomanceJikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ mini story လေး ဖတ်ပြီး အပန်းဖြေရအောင် .. ( Complete ) Jikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ...