( Unicode )
မျက်လုံး၂လုံး ဖွင့်လိုက်စဥ် ပထမဆုံး မြင်ရတဲ့ မြင်ကွင်းက မရင်းနှီး တဲ့ မျက်နှာကျက် တခု .. ငါ ဘယ်ရောက်နေတာလဲ
ငါ့အိမ် မဟုတ်ဘူးလား .. ကယောင်ကတမ်း နှင့် ဘေးဘီ ကြည့်လိုက်တော့ နံရံ ပေါ်က အဝါရောင် ပန်းချီကား တချပ် ..
အာ .. ဒါ ကိုကို့အိမ်ပဲ .. ကိုကိုအိပ်ယာပဲ .. ညက ဒီမှာ အိပ်ပျော် သွားတာပေါ့ .. ညက ? ညက .. အရက်သမားတို့ ထုံးစံအတ်ိုင်း အမူးပြေမှ ဖြစ်ပျက်ခဲ့တာတွေ ပြန် စဥ်းစားနေရတဲ့ အဖြစ် ..
ညက ဒီအခန်းထဲ ရှုး လာပေါက်တယ် .. ပြီးတော့ ငါနဲ့တူတဲ့ ပန်းချီကား တွေ့တယ် .. အခန်းထဲ ရောက်တုန်း စပ်စု ကြည့်တော့ စားပွဲပေါ်က အဝါရောင် ဒိုင်ယာရီ တအုပ် ... fav colour မို့ မနေနိုင်ဘဲ ဖတ်ကြည့်မိတော့ မထင် မှတ် ထားတဲ့ ကျွန်တော့် အကြောင်းအရာ တွေ ..
ကုတင်ပေါ် အေးဆေး လှဲပြီး ဖတ်ရင်း .. အိပ်ပျော်သွား .. ပြီးတော့ ပြီးတော့ .. ကိုကိုရောက်လာတယ် .. အိမ်မက်ထဲမှာလား နမ်းခဲ့ကြတာ .. တကယ့် အပြင်မှာလိုပဲ ..
ကိုကို က ချစ်တယ် လို့လဲပြောတယ် .. ကျွန်တော်လဲ ပြန်ပြောတယ် ..
အားး ညက အိမ်မက်တွေ လှလိုက်တာ ..
" အဝါလေး နိုးပြီလား "
" ဟုတ် "
အခန်းပိုင်ရှင် ဝင်လာလေပြီ ။ ဟင် ခေါ်တာကလဲ အဝါလေး တဲ့ ဟိုစာအုပ်ထဲက အတိုင်းကြီး .. ဒါဆို ဘာလဲ .. ဟိုဟာတွေက အိမ်မက် မဟုတ်ဘူးလား .. အိမ်မက်ပါ အိမ်မက်ပဲ နေမှာပါ ..
" ကိုကို မုန့်ဟင်းခါး သွားဝယ်နေတာ .. အဝါလေး ကြိုက်တယ်မလား "
သေချာနေပါပြီ သူ့ကိုယ်သူ ကိုကို တဲ့ ။ ဒါဆို ညက ကိစ္စတွေက အိမ်မက် မဟုတ်ဘူးပေါ့ .. သွားပါပြီ .. ရှက်လိုက်တာ နမ်းပြီးသွားပြီပေါ့ .. ။
" အဝါလေး ဘာတွေ တွေးနေတာလဲ ခေါင်းကိုက်နေလို့လား "
" ဗျာ .. ဟို .. ဟို "
" မမှတ်မိဘူး လို့တော့ မပြောပါနဲ့နော် .. အဲ့အခိုက်တန့်လေးက ကိုကို အများကြီး စောင့်ခဲ့ရတဲ့ အချိန်လေးမို့ပါ မေ့မပစ်ပါနဲ့နော် "
နှဖူး ပေါ်က ဆံပင်လေးတွေ သပ်တင် ပေးရင်း နူးညံ့စွာ ပြောလာတဲ့ ကိုကို မျက်လုံးတွေကို ကျွန်တော် မငြင်းရက်ပါဘူး ။
ကိုကို စောင့်ခဲ့တဲ့ ၇ နှစ်တာလုံး နဲ့ မညီရင်တောင် မလျော့အောင် ကျွန်တော် ချစ်ပေးဖို့ ကြိုးစားမှာပါ ။
VOUS LISEZ
နွေဦး ပုံပြင် / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]
Roman d'amourJikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ mini story လေး ဖတ်ပြီး အပန်းဖြေရအောင် .. ( Complete ) Jikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ...
![နှဦေး ပုံပွငျ / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]](https://img.wattpad.com/cover/265753815-64-k171257.jpg)