အရောင်ပြယ်လွင်စ ပြုနေသော ... 💔

1K 190 7
                                        

( Unicode )

အား .. ကျွတ် ကျွတ်
လက် နာလိုက်တာ .. ထုံကျင်နေတာပဲ .. ခေါင်းကလဲ ကိုက်လိုက်တာ

စိတ်ထဲက ညီးတွားသံ တချို့နှင့်အတူ မျက်လုံးဖွင့်လာချေသည် ။
ငါ ဘယ်ရောက် နေတာလဲ .. အဖြူရောင် မျက်နှာကျက်နဲ့ ဒါ ဘယ်နေရာလဲ

" စိတ်ကို လျှော့ထားပါ မိန်းမရယ် .. ဆရာဝန် ပြောသွားတာပဲ ကြီးကြီးမားမား ထိခိုက်တာ မရှိဘူးတဲ့လေ "

" အင်းပါ .. ဒါပေမဲ့ ကျွန်မ သားလေးက ၁ရက်တောင် ရှိပြီ သတိမှ မရသေးတာ .. "

" ခေါင်းကို နည်းနည်း ထိ ထားလို့ပါတဲ့ .. ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး .. "

ဘေး နားက တီးတိုးသံများ .. ဟင် .. ဒါ ဖေဖေနဲ့ မေမေ အသံမလား ဘာတွေပြောနေတာလဲ ။ ငါကရော .. ဘာလို့ လက်မှာ ပတ်တီးကြီးနဲ့လဲ ။

လက်တဖက် တွင်လည်း ဆေးပိုက်တန်းလန်းဖြင့် ဆေးသွင်းထားလေသည် ။ ကိုက်ခဲနေသော ​ခေါင်းကိုက်ဝေဒနာ​ နှင့်အတူ accident ဖြစ်တုန်းက အကြောင်းအရာ များက ခေါင်းထဲ ဝိုးတဝါး ပေါ်လာခဲ့သည် ။

" မေ .. မေ "

အားစိုက်ကာ တိုးလျသော အသံဖြင့် ခေါ်ကြည့်လိုက်သည် ။

" ဟယ် .. သား .. သား သတိရလာပြီလား .. ကို ရေ .. ဆရာဝန်ကြီး ခေါ်ပေးပါဦး .. သားသတိရလာပြီ "

အနည်းငယ် စိုထိုင်းနေသော မျက်ဝန်းတွေနှင့်အတူ ဝမ်းသာအားရ အသံဖြင့် သူ့ဆီ ပြေးလာနေသည် ။

" မေမေ .. သားဆေးရုံ ရောက်နေတာလား "

" ဟုတ်တယ် .. သား .. သား ဘယ်လိုနေလဲဟင် လက်က နာနေလား .. တခြား ဘယ်နေရာရော နာ သေးလဲ .. မေမေတို့ကိုလဲ မှတ်မိတယ်မလား သားနာမည်ရော မှတ်မိလား "

မနားတမ်း တရစပ် မေးနေသည့် မေမေ .. ။ ကျွန်တော် မှတ်မိပါတယ် .. တဖြည်းဖြည်း တွေးရင်း တရေးရေး ပေါ်လာဆဲပါ ။

" သား အားလုံး မှတ်မိပါတယ် လက်နာ နေတာပဲရှိတာ "

" တော်သေးတာပေါ့ သားရယ် .. မေမေ့မှာ စိတ်ပူလိုက်ရတာ "

" မေမေ .. ကိုကို .. ကိုကိုရော "

ကျွန်တော် အသိချင်ဆုံးက ကိုကိုပဲ ။ ကိုကိုရော ဘာဖြစ်သွားသေးလဲ .. ကိုကို ဘယ်မှာလဲ ?

နွေဦး ပုံပြင် / နွေဉီး ပုံပြင်  ( A Tale Of Spring ) [ mini story - complete ]Место, где живут истории. Откройте их для себя