( Unicode )
" မေမေ .. ညကျ ဟိုအစ်ကိုတွေ နဲ့ သွားသောက်မလို့ "
အပြင်က ပြန် ရောက်တော့ ရေချိုး အဝတ်စားလဲကာ ထမင်းစားခန်းထဲ ဝင်လိုက်တော့ မေမေ အသင့်ရှိနေတာမို့ တခါထဲ ခွင့်တောင်းဖို့ ပြင်လိုက်သည် ။
" ဘယ်တုန်း သား "
" ဟိုဘက်လမ်းက အစ်ကို အိမ်ပါ .. အစ်ကို ဂျောင်ကု အိမ်မှာ သောက်ကြမှာ "
" အော် ဂျောင်ကု တို့ အိမ်လား .. "
" ဟုတ် .. သူတို့ တဖွဲ့လုံး ပဲ ပါမှာ "
" အင်း အင်းသွားလေ သား .. ပြန်လာအိပ်မှာမလား "
" အင်း ပြန်လာဖြစ်ဖို့ များပါတယ် မပြောတက်သေးဘူး .. ဖုန်းဆက် လိုက်မယ်လေ "
" အင်း သား .. အပြင်တော့ လျှောက်မထွက်နဲ့တော့နော် "
" အင်းပါ မထွက်ပါဘူး .. စိတ်ချ အိမ်ထဲမှာပဲ သောက်မှာ "
" ဟုတ်ပြီ ဟုတ်ပြီ "
မေမေက ပြောရခက်သူ တယောက် မဟုတ် ။ နားလည်ပေးတက်သူမို့ ခွင့်တောင်းရတာ သိပ်မခက်ခဲလှ ။
ဖေဖေကတော့ မေမေ့ တခွန်းသာ ...အိမ်က ပါမစ် ရပြီဆိုတော့ .. ပတ်ဂျီမင်း တို့ ကဆုန်ပေါက် ပြီး အပေါ်တက် ပြေးတက်လာခဲ့လိုက်သည် ။
ကိုကို့ အိမ်ကို ပထမဆုံး ရောက်ရမှာမို့ ကြည်နူးတာ တကြောင်း .. တနေ့ထဲမှာ ၂ခါ တွေ့ရမှာ ဆိုတဲ့ စိတ်နဲ့ မို့ စိတ်ထဲ အလိုလို ကြည်လင်နေတော့တယ် ။ပေါ့ပေါ့ပါးပါး အိမ်နေရင်း တီရှပ် အဖြူ လေးနှင့် ဝတ်နေကျ ဘောင်းဘီ တို ကိုပဲ ဝတ်ပြီး ကိုကို့ဆီ ထွက်လာခဲ့လိုက်သည် ။
ဖုန်းဆက် ပြီး အိမ် နံပါတ် မေးတော့ လမ်းထိပ် မှာ ထွက်စောင့် နေတယ်တဲ့လေ .. ၇ နာရီ ချိန်းထားပေမဲ့ စောစောပဲ ထွက်လာမိတာ ကိုကိုတော့ တမျိုး မထင်လောက်ဘူး ထင်တာပဲ .. ။
" အစ်ကို .. "
" လာ ဂျီမင်း .. "
" ဘယ်သူတွေ ရောက်ပြီလဲ "
" ဟင့်အင်း မရောက်သေးဘူး "
အင်းပေါ့ ဘယ်သူက ရောက်ဦးမှာလဲ ၇ နာရီ ချိန်းထားတာကို ၆ နာရီထဲက စောရောက်နေတာ ကျွန်တော် အပြင် ဘယ်သူ ရှိဦးမှာလဲ ။
![](https://img.wattpad.com/cover/265753815-288-k171257.jpg)
VOCÊ ESTÁ LENDO
နွေဦး ပုံပြင် / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]
RomanceJikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ mini story လေး ဖတ်ပြီး အပန်းဖြေရအောင် .. ( Complete ) Jikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ...