( Unicode )
" သား ဒီနေ့ သွားဦးမှာလား "
" ဟုတ် မနေ့က လာခဲ့မယ် ပြောထားလို့ "
" အေးအေး အများကြီးမသောက်နဲ့နော် စိတ်ချမယ် မဏ္ဍပ်ထဲမှာပဲနေနော် "
" ဟုတ်ကဲ့ပါ မေမေရယ် ဘယ်မှ မသွားပါဘူး အဲ့မှာပဲ နေတာ "
" အင်းပါ သွားသွား "
မေမေ ကို နှုတ်ဆက်ပြီးသည်နှင့် မပြေးရုံတမယ် အိမ်ရှေ့ ပြေးထွက် လာခဲ့လိုက်သည် ။ မနေ့က လာစောင့်နေမယ် ပြောတဲ့ လူကြီး များ ရောက်နေမလားလို့ ..
အပြေးထွက်လာပေမဲ့ ဘာအရိပ်အယောင်မှ ရှိမနေ ။ ဟွန့် ထင်တော့ ထင်သားပဲ ဘယ်သူက အရေးတယူ လုပ်ပြီး လာစောင့်ခေါ်မှာလဲ .. နှုတ်ခမ်းတချက် မဲ့ လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားမိသည် ။
" အာ့ !! အမေ့ .. "
အေးစိမ့်သော အရာက ပုခုံးပေါ် ကျလာ၍ လှည့်ကြည့်မိတော့ .. မနေ့က လူကြီး
" မလာတော့ဘူး ထင်နေတာ "
" လာမယ် ပြောထားတာပဲ ကတိတည်ရမှာပေါ့ "
" ဒီ တခါလဲ ကျွန်တော်ပဲ အငိုက်မိပြန်ပြီ .. အမြဲ အစ်ကိုပဲ အရင် လောင်းနေတာ "
" ဒါဆို ပြန်လောင်းလေ .. ကိုယ်လဲ မစိုသေးဘူး "
လက်ထဲက ရေခွက်ထဲမှာ ရေမရှိတော့ အိမ်ထဲ ပြန်ပြေးဝင်ကာ ရေအပြေးခပ်ပြီး အားရပါးရ ပြန်လောင်းတော့ မျက်နှာကြီးကလဲ ဖြီးလို့ .. ။
ကျွန်တော် ဒီအစ်ကို့ရဲ့ အပြုံးတွေမှာ ကျရှုံးမှန်းမသိ ကျရှုံးနေမိပြီလား ။" ကျေနပ်ပြီလား လာ သွားစို့ "
ကျောပေါ်မှ ရေစ်ိုကွက် ကိုယ်စီ မျက်နှာပေါ်မှာလဲ အပြုံးကိုယ်စီ နှင့် နှစ်ယောက်သား ကိုယ့်အတွေးနဲ့ကိုယ် ။ ခပ်လှမ်းလှမ်းကနေ ကြားနေရသော sound box ဆီမှ သင်္ကြန်သီချင်းသံတွေ ပျံ့လွင့်နေသော မဏ္ဍပ်ရှိရာ သို့ လျှောက် လာခဲ့ကြသည် ။
•••••••••••••••••••••••••
ဒီနေ့ အဝါလေးက တကယ့်ကို နာမ်စားလေးနဲ့ လိုက်တယ် အဝါရောင်လေး ဝတ်လာတယ် .. နားတဖက်မှာလဲ နားကွင်းလေးတခု တဖက်က နားစွဲလေးနဲ့ မတူညီစွာ ဝတ်ဆင်ထားတာကလဲ ဖက်ရှင် တခုလို ..
ဘောင်းဘီ တိုလေးတွေသာ အဝတ်များတဲ့ ကောင်လေးက မျက်လုံးထဲမှာ ရိုးအီမသွား .. ချစ်ဖို့ကောင်းစမြဲ .. ဆွဲဆောင်မှု ရှိစမြဲ .. နာမည်ကြီး ရေမွှေးနံံ့ တခုက ခန္ဓာကိုယ်ပေါ် အချိန် တော်တော် ကြာကထဲက စွဲကပ်ပုံပေါ်တယ် ။
YOU ARE READING
နွေဦး ပုံပြင် / နွေဉီး ပုံပြင် ( A Tale Of Spring ) [ mini story - complete ]
RomanceJikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ mini story လေး ဖတ်ပြီး အပန်းဖြေရအောင် .. ( Complete ) Jikook လေးကို ခဏလောက် မြန်မာမှုပြုကြရအောင်နော် .. အားလုံးလဲ သင်္ကြန် mood ပျောက်နေမယ်ထင်လို့ .. ဒီ...