[ 37 ] The Name of Chu

11.1K 1.6K 28
                                    

[Unicode]

ချူရွှမ်ဟယ်?

အဖေအပေါ် နက်ရှိုင်းတဲ့ သံယောဇဉ်ရှိသူချူရှန်းနဲ့ ဇာတ်လိုက် အော်ရာပိုင်ရှင်ရှဲ့ရှီးတို့က လှည့်စားခံလိုက်ရတာလား?

ချူယွီတစ်ယောက် အလွန်အံ့အားသင့်သွားတယ်။ အတွေး‌ပေါင်းသောင်းခြောက်ထောင်က သူ့စိတ်ထဲ ကူးချည်သန်းချည် ပြေးလွှား‌နေပြီးနောက် သူ့ရဲ့ခြေမမှ ဦး‌ရေပြားထိ ချက်ချင်း အေးခဲတက်လာတော့တယ်။

ကျင့်ကြံသူတစ်ယောက်ရဲ့ အခြေတည်ဝိညာဉ်အဆင့် အမြုတေက သူ့ရဲ့ချီစွမ်းအင်,သွေးနဲ့အတူ ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ် ချိတ်ဆက်နေတယ်။ ထိုလူရဲ့ အခြေတည်ဝိညာဉ်အဆင့် အမြုတေက သူ့ကိုယ်ကို မဆင်မခြင် ထားခဲ့မှာ မဟုတ်ဘူး။ လုချင်းအန်သာ ဓားနဲ့ထိုးခံရရင်သေချာပေါက် သေသွားလိမ့်မယ်!

အကွာအဝေးက အရမ်း နီးကပ်နေပြီ။ ရှောင်လို့မရနိုင်တော့ဘူး!!

ချွမ်း!

သတ္တုက သတ္တုကို ပြန်ရိုက်မိတဲ့ အသံက စူးရှလွန်းလို့ သူတို့နားစည်ထဲ ရှင်းရှင်းလင်းလင်း တိုးဝင်ရိုက်ခတ်လာခဲ့တယ်။ သူတို့ဓားတွေက အချင်းချင်း ရိုက်ခတ်မိတဲ့အခါ မီးပွားတွေ စင်ထွက်လာခဲ့တယ်။ လုချင်းအန်က မမျှော်မှန်းထားလောက်အောင် ပူဟိန်ကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်တယ်။ အခက်အခဲမရှိ သက်တောင့်သက်သာ လှုပ်ရှားမှုနဲ့ ဓားအိမ်ကို လျင်မြန်စွာ ဆွဲယူပြီး သေစေနိုင်လောက်တဲ့ ဓားချက်ကို ခုခံကာကွယ်လိုက်တယ်။

အံ့ဩတုန်လှုပ်ခြင်းတွေက ချူရွှမ်ထျန်းမျက်နှာပေါ် ဖြတ်ပြေးသွားခဲ့တယ်။ နောက်တစ်ခေါက် ထပ်လုပ်ကြံဖို့ မဖြစ်နိုင်တော့ဘူး။ လုချင်းအန်က အခုချိန်မှာ သူ့ဓားကို အသင့်အနေအထားနဲ့ မြှောက်ချိန်ထားတယ်။ လုချင်းအန်က အခြေတည်ဝိညာဉ်အဆင့် ကျော်ကြားတဲ့ ဓားရေးကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး ချွတ်တီးချွတ်တတ်လေးတွေက သူ့ကို ဓားရေးယှဉ်ဖို့ မဆင်မခြင် စ်ိန်မခေါ်ရဲကြပေ။ ချူရွှမ်ထျန်းက ချက်ချင်း ဓားပြုတ်ကျသွားပြီး မူလနေရာမှာ ရပ်နေဆဲဖြစ်ကာ သူ့မျက်နှာပေါ်မှာ ထူးဆန်းပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့တယ်။

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now