[ 25 ] Into the Bridal Chamber

15.2K 2.1K 108
                                    

[Unicode]

ချူယွီ အတွင်းစိတ်ထဲမှာတော့ ကျယ်လောင်စွာ ရယ်မောနေပြီ။

ယွီဟွားဂိုဏ်းချုပ်က ဦးဆောင်ဦး‌ရွက်ပြုတဲ့ အထွေထွေညီလာခံလည်းစတင်ပြီ။ သူက ဂါဝရတစ်ချို့ ပေးလိုက်ပြီးနောက် အမတဓားညီလာခံစတင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်တယ်။ စည်းမျဉ်းတွေက အတော်အသင့် ရိုးရှင်းပြီး ကြမ်းတမ်းတယ်; ပါဝင်ယှဉ်ပြိုင်တဲ့ တပည့်တွေနာမည်ပါသော ဝါးတူချောင်းတွေ ရှိတယ်။ ဂိုဏ်းကြီးရှစ်ဂိုဏ်းက လေးစားရတဲ့အကြီးအကဲတွေက
တပည့်တွေကို ကြုံရာကျပန်း တွဲပေးဖို့ တူချောင်းတွေ ဆွဲထုတ်ကြလိမ့်မယ်။ ပြီုင်ပွဲတစ်ခုရဲ့အနိုင်ရသူက သူ့ရဲ့နာမည်ပြားကို ထိန်းသိမ်းခွင့်ရပြီး ရှုံးနိမ့်သူက အခြားအနိုင်ရတဲ့ ဘယ်သူကိုမဆို စိန်ခေါ်နိုင်တယ်။ လူနှစ်ယောက်က စင်တစ်ခုပေါ်မှာ တိုက်ခိုက်ကြပြီး ပြိုင်ပွဲပွဲစဉ်တွေကို တစ်စပ်တည်း ကျင်းပနိုင်အောင် စင်ငါးစင် တည်ဆောက်ထားတယ်။

စင်မြင့်ပေါ် ရှိ အကြီးအကဲတွေက နာမည်နှစ်ခုကို တဖြည်းဖြည်း ဆွဲထုတ်လိုက်တယ်။

ချူယွီမျက်တောင်ခတ်လိုက်ပြီး သူ ရှဲ့ရှီးနဲ့ မတိုက်ခိုက်ရဖို့ အကြိမ်ဆယ်သန်းလောက် ဆုတောင်းနေမိတယ်။

"ပထမဆုံးပြိုင်ပွဲ- ထျန်းယွမ်ဂိုဏ်းက ရှဲ့ရှီးနဲ့ ထျန်းယွမ်ဂိုဏ်းက စုန့်ကျင်းရီ..."

ရှဲ့ရှီးမျက်တောင်တွေ တုန်ယင်သွားတယ်။ အောက်က ကတ္တရာရောင် မည်းနက်နေတဲ့ မျက်လုံးတွေထဲမှာ အေးစက်စက် ရေခဲငွေ့တွေ ခပ်မှိန်မှိန် လင်းနေတယ်။

ချူယွီက ကြောင်အမ်းအမ်းဖြစ်သွားတယ်။ သူတို့မနေ့ညက စုန့်ကျင်းရီကို ရိုက်နှက်ပညာပေးမဲ့အကြောင်း ထပ်ခါထပ်ခါ ပြောဆိုခဲ့ကြပြီးပြီ။ ယခု ရှဲ့ရှီးရဲ့ ပထမဆုံးပြိုင်ဘက်က စုန့်ကျင်းရီဖြစ်နေတယ်။

ဒီနေ့တော့ ကြည့်ရတာ စုန့်ကျင်းရီတစ်ယောက် တကယ်ကို ကံတွေအသေဆိုးတော့မှာပဲ...

ရှဲ့ရှီးက ချူယွီနားရွက်နား တိုးကပ်လာတယ်;သူ့နှုတ်ခမ်းက ချူယွီနားသီးလေးကို ထိတော့မလိုပဲ။ သူ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ် "စုန့်ရှစ်ရှုန်းက သူ့ရဲ့ပုံရိပ်အပေါ် အလွန်ဂရုစိုက်တဲ့လူမျိုးလား?"

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Tempat cerita menjadi hidup. Temukan sekarang