[ 76 ] Devoid Of Conscience

5.1K 763 54
                                    

[Unicode]

လင်းလန်က ချူမျိူးနွယ်စုရဲ့ မေပယ်ရွက်ကြွေချိုင့်ဝှမ်းနဲ့ အတော်လေး နီးတယ်။ မေပယ်ရွက်ကြွေချိုင့်ဝှမ်းကို ပြန်လာပြီးတဲ့နောက် ချူယွီတစ်‌ယောက် အရှုပ်ထုပ်ပြဿနာကို ဖြေရှင်းဖို့ ထျန်းယွမ်ဂိုဏ်းဆီ သွားဖို့ ပြင်တော့တယ်။

ချူရှန်းကတော့ ချူယွီ ထပ်ပြီး ထွက်သွား‌တော့မှာကိုလည်း ကြားရော သူ အားပြန်ဖြည့်နေတဲ့ အိပ်ရာကနေ ချက်ချင်း ကောက်ထကာ ဘာကိစ္စပဲဖြစ်ဖြစ် မနေခဲ့ချင်ကြောင်း၊ သူတို့နဲ့အတူ ခေါ်သွားဖို့ မရမက တောင်းဆိုတော့တယ်။

ချူယွီ တစ်ခဏလောက် စဉ်းစားလိုက်တယ်။ ထျန်းယွမ်ဂိုဏ်းက သူ့ခေါင်းကို လိုချင်လို့ ဆုကြေးတွေ တင်ထားတယ်, ဒါ ချူမျိုးနွယ်စုရဲ့ ဂုဏ်သတင်းနဲ့လည်း သက်ဆိုင်နေတယ်လေ။ ဒါကြောင့် ချူရှန်းကို ခေါ်သွားလည်း ပြဿနာတော့ မရှိနိုင်လောက်ဘူး။ ချူယွီတစ်ယောက် နှုတ်ခမ်းတင်းတင်း စေ့ထားရင်း အစီအစဉ်ကို ပျော်ရွှင်ကျေနပ်နေပုံ မရတဲ့ ရှဲ့ရှီးကို တစ်ချက်ခိုးကြည့်လိုက်တယ်။ ချူယွီ ချောင်းဖွဖွဆိုးပြီး ရှဲ့ရှီးပုံစံကို မသိချင်ယောင်ဆောင်ကာ သူတို့သုံးဦး စတင်ထွက်ခွာလာကြတယ်။

သုံးယောက်သား ဓားပျံစီးကာ ထျန်းယွမ်ဂိုဏ်းဆီ ခရီးထွက်လာကြတယ်။ သူတို့ ပိုပြီးနီးလာတဲ့အခါ ရှဲ့ရှီးက ချူယွီနောက်ကျောကို တစ်ခဏလောက် ငေးကြည့်ပြီးမှ သူ့ဓားကို သိမ်းကာ ချူယွီခါးကိုအနောက်ကနေ ဝိုက်ဖက်ထားလိုက်တယ်။ ချူရှန်း သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေဝာာ မြင်တော့ သူ မဲ့ပြလိုက်ပြီး မကျေမနပ် အမူအရာနဲ့ "သာ့ရှစ်ရှုန်း ဒီရှစ်တိ ပင်ပန်းနေတယ်....."

ချူယွီ :: "...အို"

ချူယွီသာ ဒီနေရာမှာ မရှိရင် ချူရှန်းတစ်ယောက် ဓားဆွဲထုတ်နေလောက်ပြီ.....

ချူယွီ သူတို့နှစ်ယောက်ကို ဘယ်လိုသင့်မြတ်အောင် လုပ်ပေးရပါ့မလဲလို့ စဉ်းစားနေတုန်း ရုတ်တရက် ဓားအလင်းရောင်တစ်ခု သူတို့ရှေ့ ပေါ်လာတယ်။ ချူယွီ လန့်ဖျပ်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ဆုကြေးကြောင့် သူတို့ကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာလို့ ယူဆလိုက်မိတယ်။ သူ လက်မန္တန်တစ်ခု လုပ်တော့မယ့်အချိန် ရှေ့ကနေ ထွက်လာတဲ့ ခါတိုင်းလို တည်ကြည်လေးနက်တဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now