[ 45 ] Searching for a Free Reed Pipe While Fearing Filth

8.8K 1.1K 42
                                    

[Unicode]

လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို ကူညီမြှင့်တင်ပေးမယ့် စစ်မှန်သော ဝိညာဉ်စွမ်းအင်ဆေးဝါး‌တွေရှိတဲ့ လျို့ဝှက်နယ်ပယ်တစ်ခုဆိုတာ တကယ်ရှိတာပါ။ ဒီသတင်းကို လျို့လျို့ဝှက်ဝှက် လွှင့်လိုက်တဲ့ ချူမိသားစုတောင်မှ ရှင်းလင်းတဲ့နားလည်မှု မရှိကြသေးပေ။ တကယ့်အစစ်အမှန်က အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဘယ်သူမှ မသိကြပေ။

အခြားတစ်ဖက်မှာတော့ ချူယွီက ထိုနေရာကို ရှာတွေ့နိုင်ဖို့အတွက် သူ့စွမ်းရည်ကို ယုံကြည်ပါတယ် :: မူလဝတ္ထုထဲမှာ အရင်တည်းက အဲ့ဒီနေရာကို ဖော်ပြထားပြီးသားလေ...

မူရင်းဝတ္ထုကို ကျေးဇူးအကြီးကြီး တင်ပါတယ်။ ကောင်းမွန်တဲ့ ဇာတ်ကွက်နတ်ဘုရားကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ သူ ဝတ္ထုကို ပြောင်းလိုက်တယ်ဆိုပေမဲ့လည်း အရံဇာတ်ကြောင်း မပျောက်သွားသေးတဲ့အတွက် ကျေးဇူးအနန္တတင်မိပါတယ်။

တကယ်တော့ ဒီနေ့လှုပ်ရှားမှုက သူ့အတွက် မည့်သည့်လိုအပ်ချက်ကြီး တစ်ခုမှမရှိပေ။

လူတစ်‌ယောက်ရဲ့ လောဘတရားက အင်မတန်ကို ကြောက်စရာကောင်းတဲ့အရာပဲ...

ရှဲ့ရှီးတစ်ယောက် တိုက်ခိုက်ပြီး ပြန်ရောက်လာချိန်မှာ ချူယွီရဲ့အပြုံးဖျော့ဖျော့လေးကို ရုတ်တရက် မြင်လိုက်ရတယ်။ ရှဲ့ရှီးက သူ ပထမဆုံး ဓားပျံစီးပြီး နောက်ပိုင်း ပြဿနာမွှေခဲ့စဉ်တုန်းက ချူယွီပြုံးနေခဲ့တဲ့ အပြုံးလေးကို သတိလက်လွတ် မှတ်ဉာဏ်ပြန်ခေါ်မိတယ်။ တစ်ခဏလောက် တိတ်ဆိတ်နေပြီးမှ သူ ညင်ညင်သာသာ မေးမြန်းလိုက်တယ် "သာ့ရှစ်ရှုန်း ဘာအကြောင်းတွေ တွေးပြီး ပြုံးနေတာလဲ?"

ချူယွီက ချောင်းဖွဖွဆိုးပြီး ပြုံးတာကို ရပ်တန့်လိုက်တယ်။ သူ ရှဲ့ရှီးခေါင်းလေးကို နူးနူးညံ့ညံ့ ပုတ်ပေးလိုက်ပြီး "ငါ စိတ်ဝင်စားစရာ တစ်ခုခုကို တွေးမိသွားရုံပါပဲ။"

ရှဲ့ရှီးလျှော်ပစ်လိုက်ဖို့ ငြင်းဆန်ပြီး ဆက်မေးခဲ့တယ် "ဘယ်လိုစိတ်ဝင်စားစရာ ကိစ္စမျိုးလဲ?"

ရှဲ့ရှီးက ဒီကိစ္စအောက်ခြေ နစ်မြုပ်သွားတဲ့ထိတောင် အလျှော့ပေးမယ့်ပုံ မရှိတာကို ချူယွီသိလိုက်ရတယ်။ တစ်ခဏလောက် စဉ်းစားကြည့်ပြီးနောက်မှာ သူ့အတွေးထဲ ကျီစယ်လိုစိတ်တွေက ရုတ်တရက် လျှံတက်လာခဲ့တယ်။ သူ့မျက်လုံးတွေက ရွှင်မြူးရိပ် သန်းနေခဲ့တယ် :: "ညီလေးမှတ်မိသေးလား မမှတ်မိတော့ဘူးလားဆိုတာ ငါမသိတော့ပါဘူး...တိကျတဲ့နှစ်တစ်နှစ် တိကျတဲ့လတစ်လ တိကျတဲ့‌ညတစ်ည တိကျတဲ့နေရာတစ်ခုမှာ ငယ်ရွယ်တဲ့ မိန်းမပျိုလေးငါးယောက်ကြောင့် ဟိုကိစ္စ..........."

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now