[ 72 ] Making A Pact

5.5K 828 53
                                    

[Unicode]

ချူယွီတစ်ယောက် ပေါက်ကွဲလာတဲ့ စကားတွေကြောင့် အခက်တွေ့သွားရတယ်။ သူ့လည်ချောင်းထဲမှာ ပြောစရာစကားတွေ ဆို့နင့်နေရင်း ရှဲ့ရှီးနောက်ကျောကို ညင်ညင်သာသာ ပွတ်သပ်ပေးနေလိုက်တယ်။ အချိန်အတော်ကြာမှ သူ အသံ ပြန်ထွက်လာပြီး တိုးတိုးလေး ပြောလိုက်တယ် :: "ထပ်မလုပ်တော့ဘူး။ ငါ ထပ်မလုပ်တော့ပါဘူး......"

တပည့်နှစ်ယောက်က အချင်းချင်း ပူးကပ်ဖက်တွယ်နေကြတယ်။ ချူယွီတစ်ယောက် ရှဲ့ရှီးကိုယ်ရဲ့ ရင်းနှီးနေတဲ့ အငွေ့အသက်ကို တစ်ဝကြီး ရှုရှိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်စေလိုက်တယ်။ သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး ရှဲ့ရှီးလေး နှုတ်ခမ်းကိုက်ပြီး စိတ်ထိခိုက်စွာ ငိုနေတာကို မော့ကြည့်လိုက်တယ်။ သူ့နှလုံးသား နာကျင်ခြင်းအောက်မှာ သူတို့နှစ်ယောက် လက်ရှိအခြေအနေရဲ့ သဘောထားကို ရှာတွေ့လိုက်တယ်။

တစ်နှစ်‌ကျော် ကြာအောင် အချင်းချင်း ရှင်ကွဲကွဲခဲ့ရတဲ့ လူရွယ်နှစ်ယောက် အခုတော့ ပူးကပ်ပွေ့ဖက်နေကြပြီး တူတူပြန်ဆုံချိန်မှာ ငိုနေကြတယ်။ ဒီအခြေအနေက ဘယ်လိုကြီးတောင်.....?

ချူယွီက အချိန်တစ်ခုကြာ နူးနူးညံ့ညံ့ နှစ်သိမ့်ပြောဆိုပြီးမှပဲ ရှဲ့ရှီးငိုတာ ရပ်သွားတယ်။ ရှဲ့ရှီးရဲ့ မျက်တောင်ကော့ကြီး‌တွေပေါ်မှာ မျက်ရည်တစ်စက် တင်ကျန်နေသေးတယ်။ ချူယွီ သူ့လက်ကို ခက်ခက်ခဲခဲ မြှောက်ပြီး လှမ်းသုတ်ပေးလိုက်တယ်။ သူတို့ဘယ်ရောက်နေတာလဲ မေးတော့မယ့်အချိန် တံခါးခေါက်သံတစ်သံကို ကြားလိုက်ရတယ်။

တံခါးနောက်မှာ ရင်းနှီးတဲ့ အသံတစ်သံ ထွက်လာတယ် :: "အဟမ်း......လူကြီးလူကောင်းတို့၊ ငါ ဝင်လာလို့ရမလား?"

ရှဲ့ရှီး မျက်မှောင်ကြုပ်လိုက်တယ်။ သူ ချက်ချင်း ပြန်မ‌ဖြေဘဲ ချူယွီကို နီးနီးကပ်ကပ် ငုံ့ကြည့်လိုက်တယ်။ ချူယွီအသားအရေက ဖြူဖွေးပြီး နူးညံ့‌တယ်။ အခုတော့ သူ့ကိုယ်က သေမျိုးခန္ဓာကိုယ် ဖြစ်နေပြီး ကြာပွတ်နဲ့ အရိုက်ခံထားရတာမို့ ရက်စက်တဲ့ နီညိုရောင် အမာရွတ်တွေ ကျန်နေတယ်။ ကြာပွတ်ရာတွေက သူ့ကိုယ်တစ်ခုလုံးကို ကန့်လန့်ဖြတ်ထားပြီး တကယ် မြင်ရတာ ထိတ်လန့်စရာ ကောင်းလှတယ်။ ဆေးထည့်ပေးပြီးနောက်မှာ ဒဏ်ရာတွေ စကျက်သွားပြီဆိုပေမဲ့လည်း ဒီဒဏ်ရာတွေကို မြင်သူတိုင်း နှလုံးနာကျင်စေတယ်။

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now