[41] Cannon Fodder Log In

10.8K 1.4K 100
                                    

[Unicode]

အမဲရောင်ဝတ်စုံ ဝတ်ထားတဲ့လူက တစ်ခဏလောက် တိတ်ဆိတ်သွားပြီး ချူရှန်းကို ထူးဆန်းတဲ့အကြည့်တစ်ချက်ဖြင့် "...ချူအရှင်က လက်ထပ်ထားပြီး ဒီလောက်အရွယ်ရောက်....နေတဲ့‌ ကလေးရှိတယ်လို့ ကျွန်တော်ဖြင့် တစ်ခါမှ မကြားဖူးပါဘူး။ "

ချူယွီတစ်ယောက် တိတ်ဆိတ်သွားပြီး သူ့ခံနိုင်ရည်ကို ကျော်လွန်သွားသလို မျက်နှာရှုံ့မဲ့သွားရတယ်။

တကယ်လည်း ချူရှန်းက ချူယွီကို သူ့သားလို့မှတ်ယူထားတာပဲလေ။ Broconကြီးရဲ့ စိတ်အားထက်သန်ပြီး အကောင်းလည်းမြင်တတ်,ရင်းနှီးလွယ်ပြီး အတင်းပြောတတ်တဲ့ စရိုက်လေးက တကယ်ကို အမေကြီးစတိုင်ပဲ....

ချူယွီက ရုတ်တရက် ပြုံးချင်သွားတဲ့ စိတ်ကိုထိန်းရင်း "ဒီပုဂ္ဂိုလ်က?"

ချူရှန်းက ထိုလူအပေါ် မနှစ်မြို့တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး "ဖူမိသားစုရဲ့ မြင့်မြတ်တဲ့အရှင် ဖူချုန်းရီ, ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပဲ, မင်း သူ့ကိုသိစရာမလိုဘူး, ညီငယ်လေး"

ချူယွီပြောစရာစကားမဲ့သွားတယ်။

....ဒီလူ ဖူချုန်းရီကို မူလဝတ္ထုထဲမှာ ဖော်ပြထားတယ်။ ထိုသူက ဇာတ်လိုက်ရဲ့ ညီငယ်လေးတွေထဲက တစ်ယောက်မဟုတ်ပေမဲ့ ထိုသူက သမားတော်ကျင့်ကြံသူ တစ်ယောက်အနေနဲ့ နယ်မြေတစ်ခုလုံးမှာ‌ ကျော်ကြားသေးတယ်။ မူလဝတ္ထုထဲမှာ ဇာတ်လိုက်က ချီဖောက်ပြန်မှုဖြစ်ပြီး အမျိုးသမီးဇာတ်‌ဆောင်(သူတို့ထဲတစ်ယောက်) ကို သတ်မိလုနီးပါး ဖြစ်သွားတယ်။ သူဘယ်လိုလုပ်လုပ် သူ(မ)ကို မကယ်တင်နိုင်ဘူး။ နောက်တော့ သူက သေခါနီးဖြစ်နေတဲ့ အမျိုးသမီးဇာတ်ဆောင်(သူတို့ထဲကတစ်ယောက်)ကို ဖူချုန်းရီဆီ ပို့လိုက်တယ်။ တစ်နှစ်အတွင်းမှာ သူ(မ)က ဇာတ်လိုက်ရဲ့ဘေးနားသို့ အလွန်လှပတဲ့ပုံရိပ်အဖြစ် ပြန်ရောက်လာပြီး ဇာတ်လိုက်နဲ့ ကလူကျီစယ်ကာ အလိုလိုက်ခံရတဲ့အပြုအမူလေးနဲ့ သူ့ရဲ့အာရုံစိုက်မှုကို ရယူနိုင်ခဲ့တယ်။

လက်ရှိဖူချုန်းရီရဲ့ ဂုဏ်သတင်းက မကြီးမားသေးရင်တောင်မှ ဖူမိသားစုက ကြီးမားတဲ့ မျိုးရိုးစုဖြစ်ပြီး ဖူချုန်းရီကလည်း ဖူမိသားစုရဲ့ ပထမဇနီးက မွေးတဲ့သား ဖြစ်နေသေးတယ်လေ......

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now